ဘန်ကောက်မှာ ဗုံး ၂လုံး ပေါက်ကွဲ၊ တစ်ဦး ဒဏ်ရာရ

  • 2 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အထိတ်တလန့် ဖြစ်အောင် ရည်ရွယ် ဖောက်ခွဲတာလို့ ရဲက ပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လူစည်းကားတဲ့ Siam Paragon ကုန်တိုက်ရှေ့မှာ တနင်္ဂနွေနေ့ည ၈ နာရီကျော်က ဗုံး ၂ လုံး ပေါက်ကွဲခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတွေက စုံစမ်း စစ်ဆေးနေပါတယ်။

လက်ဖြစ် ကိရိယာတွေ အသုံးပြု ထားတဲ့ အဲဒီ ဖောက်ခွဲမှု ၂ ခုကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံရေး အရ အထိတ်တလန့် ဖြစ်အောင် လုပ်တာလို့ ထိုင်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုအတွက် လက်သည် တရားခံကို စုံစမ်း စစ်ဆေးနေပြီး မကြာခင် ဖမ်းဆီး နိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ် ပရာယွတ် ကျန် အိုချာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် မေလ နောက်ပိုင်း အာဏာသိမ်း အစိုးရ လက်ထက်မှာ ပထမအကြိမ် ဗုံးကွဲမှု ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကာလအတွင်း အခုလို ဗုံးပေါက်ကွဲမှု ဖြစ်တာဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်အိုချာ အစိုးရ အတွက် မျက်နှာ ပျက်စရာ ဖြစ်စေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ