အစိုးရ ဘတ်ဂျက် ၄ ထြီ​လျံ သုံး​ဖို့ အို​ဘား​မား အဆို​ပြု

  • 2 ဖေဖော်ဝါရီ 2015
barak_obama ဓာတ်ပုံ မူပိုင် AFP
Image caption လူလတ်တန်းစား တွေ ပိုမို အခွင့်အရေး ရှိစေဖို့ လူချမ်းသာတွေ၊ လုပ်ငန်း ကုမ္ပဏီ တွေ ကို အခွန် တိုးမြှင့် ကောက်ခံ မယ်။

အမေရိကန် ပြည်ထောင်စု ရဲ့ ၂၀၁၆ ခုနှစ် အစိုးရ ဘတ်ဂျက် အဖြစ် ဒေါ်လာ သန်းပေါင်း ၄ ထြီလျံ သုံးစွဲ ဖို့ရာ သမ္မတ အိုဘားမား က တင်ပြ လိုက်ပါတယ်။

အမေရိကန် လူလတ်တန်းစား တွေ ကို ပိုမို အခွင့်အရေး ရှိစေဖို့ အတွက် လူချမ်းသာတွေ၊ လုပ်ငန်း ကုမ္ပဏီ တွေ အပေါ် အခွန် တိုးမြှင့် ကောက်ခံ မယ့် အစီအစဉ် တွေလည်း သမ္မတ အိုဘားမားက ချပြ ထားပါတယ်။

ပြီးခဲ့တဲ့လ ကွန်ဂရက်စ် ကို တင်သွင်း ခဲ့တဲ့ သမ္မတရဲ့ State of the Nation မိန့်ခွန်းထဲ ပါဝင် ခဲ့တဲ့ အကြံ ပြုချက်တွေ ကို အခု ဘတ်ဂျက် ထဲမှာ ကျယ်ကျယ် ပြန်ပြန့် ချမှတ် ပြထားပါ တယ်။

မစ္စတာ အိုဘားမား အနေနဲ့ သူ့ရဲ့ လက်ကျန် သက်တမ်း အတွက် ကျင့်သုံးမယ့် နိုင်ငံရေး မူဝါဒ တွေ ကို ချမှတ် ဖို့ ကြိုးစားနေတာ ဖြစ်ပြီး၊ အတိုက်အခံ ရီပတ်ဘလေကဲန် တွေ ကြီးစိုးရာ ကွန်ဂရက်စ် လွှတ်တော် ရဲ့ ဆန့်ကျင်မှု တွေ ကြုံတွေ့ ရဖွယ် ရှိတယ် လို့ သတင်းထောက် တွေ က ပြောနေပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ