ရဲဘော်တွေကို ပစ်သတ်တဲ့ တောင်ကိုရီးယား စစ်သား သေဒဏ်ကျ

  • 3 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption တောင်ကိုရီးယား အမျိုးသားတိုင်း ၂ နှစ် စစ်မှုထမ်းကြရ

တောင်ကိုရီးယား နိုင်ငံမှာ ရဲဘော် စစ်သား ၅ ဦးကို ပစ်သတ်ပြီး တခြား ၇ ဦးကို ဒဏ်ရာရအောင် ပစ်ခတ်ခဲ့တဲ့ စစ်သား တစ်ဦးကို စစ်ခုံရုံးက သေဒဏ် ချမှတ် လိုက်ပါတယ်။

တပ်ကြပ် Lim ဆိုသူ အဲဒီ စစ်သားဟာ ပြီးခဲ့တဲ့ နှစ် ၂၀၁၄၊ ဇွန်လက မြောက်ကိုရီးယားနဲ့ နယ်စပ်အနီး ဂိတ်တစ်ခုမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပစ်ခတ် ခဲ့ပြီး ထွက်ပြေး ခဲ့တာပါ။

အဲဒီနောက် ၂ ရက်အကြာမှာ သူ့ကို ပိတ်ဆို့ ဖမ်းဆီးစဉ် သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ပြီးနောက် ဖမ်းဆီး မိခဲ့ပါတယ်။

ဒီအမှုကို စစ်တပ်က စုံစမ်း စစ်ဆေးခဲ့ပြီးနောက် တပ်ကြပ် Lim က အခုလို ပစ်ခတ်တာဟာ ကျောင်းတုန်းက သူ့ကို အနိုင်ကျင့် တာတွေနဲ့ စစ်တပ်တွင်း အနိုင်ကျင့်တာတွေကို ပြန်လည် လက်စား ချေတာလို့ ဆိုပါတယ်။

ဒီအမှုကြောင့် တောင်ကိုရီးယား အမျိုးသားတိုင်း ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ တိုးပွား လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ