လူ ၃ ဦးရဲ့ ကလေး နည်းစနစ် ယူကေ အောက်လွှတ်တော် အတည်ပြု

  • 3 ဖေဖော်ဝါရီ 2015
Image caption ဒီနည်းပညာကြောင့် မိခင်ဆီက ဆက်ခံ ရရှိတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတွေကို တားဆီးနိုင်မယ်

ယူကေ နိုင်ငံမှာ သမိုင်းဝင် ဆောင်ရွက်မှု အဖြစ် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး၊ စုစုပေါင်း လူ ၃ ဦးရဲ့ ဒီအန်အေ မျိုးဗီဇကို သုံးပြီး ကလေး မွေးဖွားမယ့် နည်းပညာကို အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

ဒါကြောင့် ယူကေ နိုင်ငံဟာ လူ ၃ ဦးရဲ့ မျိုးဗီဇနဲ့ ကလေးတွေ မွေးဖွားတာကို ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာဖို့ နီးစပ် နေပါတယ်။

မိခင်ဆီကနေ ကလေးကို ကူးစက်တတ်တဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတွေကို တားဆီးနိုင်မယ့် ဒီနည်းပညာကို ယူကေ အောက်လွှတ်တော်က အမတ် ၃၈၂ ယောက်က ထောက်ခံမဲ ပေးခဲ့ပြီး ၁၂၈ ယောက်က ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

ယူကေ ပါလီမန် အထက်လွှတ်တော်မှာ ဆက်လက် အတည်ပြုနိုင်မယ် ဆိုရင်တော့ လာမယ့်နှစ်မှာ ဒီနည်းပညာနဲ့ မွေးဖွားမယ့် ပထမဆုံး ကလေး ထွက်ပေါ် လာဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ