ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ

  • 4 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဘတ်စ်ကား တိုက်ခိုက် ခံရမှုကြောင့် ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘတ်စ်ကား တစ်စင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သွေးထိုး လှုံဆော်မှုနဲ့ အတိုက်အခံ ခေါင်းဆောင် Khaleda Zia ကို အာဏာပိုင် တွေက တရားစွဲဆို လိုက်ပါတယ်။

အင်္ဂါနေ့က Chauddagram မြို့အနီးမှာ အဲဒီ ဘတ်စ်ကား မီးလောင်ဗုံးနဲ့ အပစ်ခံရချိန်မှာ ခရီးသည် အများစုက အိပ်ပျော် နေခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။

လူ ၇ ဦး မီးလောင် သေဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု အတွက် BNP ပါတီခေါင်းဆောင် မစ္စ Zia အပါအဝင် လူပေါင်း ၅၆ ဦး ကို တရား စွဲဆိုထားပါတယ်။

ဒါပေမယ့် မစ္စ ဇီအာ ရဲ့ ဘင်္ဂလားဒေရှ့် အမျိုးသားရေး ပါတီ BNP က အဆိုပါ ဘတ်စ်ကား အတိုက် ခံခဲ့ရမှု ကို ပြစ်တင် ရှုတ်ချခဲ့ပြီး သူတို့ နဲ့ မသက်ဆိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ မစ္စ ဇီအာက ကြေညာထားတဲ့ အထွေထွေ ပိတ်ဆို့ ဆန္ဒပြရေး ကာလ အတောအတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ