အီး စီးကရက် သောက်သုံးမှု အန္တရာယ်ရှိဟု ဆို

  • 5 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အီး စီးကရက် အငွေ့က အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းကို ထိခိုက်နိုင်

အီး စီးကရက်မှာ အဆိပ် ဖြစ်စေတဲ့ ဓာတု ပစ္စည်းတွေ ပါဝင်နေပြီး စီးကရက် အစစ်နဲ့ အစားထိုး သောက်သုံးဖို့ ဘေးအန္တရာယ် မကင်းကြောင်း အမေရိကန် သုတေသီတွေက ပြောပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်မှုတွေ အရ အီး စီးကရက်ရဲ့ အငွေ့တွေက အဆုတ်ကို အန္တရာယ် ဖြစ်စေပြီး အသက်ရှူလမ်းကြောင်း ရောဂါတွေကိုလည်း ဖြစ်စေ နိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။

အီး စီးကရက်တွေ ထွက်ပေါ် လာပြီးကတည်းက အန္တရာယ် ကင်း မကင်း ငြင်းခုံမှုတွေ ရှိနေ ခဲ့ပါတယ်။

အီး စီးကရက်မှာ ဆေးရွက်ကြီး မပါဝင်တာကြောင့် တကယ့် စီးကရက်လောက် အန္တရာယ် မရှိဘူးလို့ ယေဘုယျ ထင်ရ ပေမယ့် သူ့မှာ စွဲလန်း စေတတ်တဲ့ နစ်ကိုတင်း ပါနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ