ဂျော်ဒန် IS ကို လေကြောင်း တိုက်ခိုက်

  • 6 ဖေဖော်ဝါရီ 2015
jordan
Image caption IS ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ဂျော်ဒန် လေယာဉ်မှူး

ဂျော်ဒန် စစ်လေယာဉ် တွေက ဆီးရီးယားက အစ္စလာမ္မစ် နိုင်ငံတပ် ပစ်မှတ် တွေကို လေကြောင်း တိုက်ခိုက်မှု အကြိမ် အတော် များများ ပြုလုပ် ခဲ့ပါတယ်။

IS တပ်ဖွဲ့ရဲ့ လက်နက် တိုက်တွေ၊ လေ့ကျင့်ရေး စခန်း တွေနဲ့ ပုန်းအောင်း တဲ့ နေရာ တွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ ဂျော်ဒန် အစိုးရ က ထုတ်ပြန်ပါတယ်။

ဒါဟာ IS က ဖမ်းဆီး ထားတဲ့ ဂျော်ဒန် လေယာဉ်မှူး ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့တာကို လက်တုံ့ပြန်တဲ့ ကန ဦး အဆင့် မှာသာ ရှိသေးတယ် လို့လည်း ဆိုပါတယ်။

ဒီအချိန်မှာ အယ်လ်ခိုင်ဒါ နဲ့ ဆက်နေတဲ့ ဘာသာရေး ခေါင်းဆောင် တယောက်ကိုတော့ ဂျော်ဒန် အာဏာပိုင် တွေက ပြန်လွှတ် ပေးလိုက်ပါတယ်။

Sheikh Abu Mohammed al Maqdisi က ဂျော်ဒန် အစိုးရကို IS ချေမှုန်းရေး မဟာမိတ် အဖွဲ့မှာ ပါလို့ ဝေဖန် ခဲ့တဲ့ အတွက် အောက်တိုဘာလ က ဖမ်းဆီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ