ဆိုနီ ရုပ်ရှင် ပူးတွဲ ဥက္ကဋ္ဌ ရာထူးကထွက်

  • 6 ဖေဖော်ဝါရီ 2015
sony ဓာတ်ပုံ မူပိုင် AFP
Image caption ဆိုနီ ထုတ်တဲ့ ဟာသကားကြောင့် အင်တာနက် တိုက်ခိုက်ခံရ

ဆိုနီ ရုပ်ရှင်ကို အင်တာနက်က ဖောက်ထွင်း တိုက်ခိုက်မှု ဖြစ်ပွား ပြီး ၃ လ အကြာမှာ ကုမ္ပဏီရဲ့ ပူးတွဲ ဥက္ကဋ္ဌ Amy Pascal ရာထူးက နုတ်ထွက် သွား ပါတယ်။

အင်တာနက် ဖောက်ထွင်းသူတွေက ဖွင့်ချ လိုက်တဲ့ သူ့ အီးမေး တချို့ မှာ သမ္မတ အိုဘားမား က တချို့ ရုပ်ရှင် တွေကို ကြိုက်တာ ဟာ သူက လူမည်း မို့လို့ ဖြစ်တယ် ဆိုတဲ့ အရေးအသား တွေ ပါလာပါတယ်။

မစ္စ ပါစကဲ ကတော့ သူဟာ ဒီရာထူးက ထွက်ဖို့ ပြင်နေတာ လို့ ပြောပါတယ်။

ဆိုနီမှာပဲ မေလမှာ ထုတ်လုပ်ရေး ကုမ္ပဏီ တခုကို သူ စတင်ဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ