IS ကို တိုက်ခိုက်မှု ဂျော်ဒန် ပြည်သူတွေ ထောက်ခံ ချီတက်

  • 6 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အသတ်ခံရတဲ့ လေသူရဲ ပုံကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြ

ဂျော်ဒန် လေသူရဲကို IS အစ္စလာမ္မစ် တပ်တွေက မီးရှို့ သတ်ခဲ့ ပြီးနောက် IS အဖွဲ့ အပေါ် ဂျော်ဒန် စစ်တပ်က တုံ့ပြန် တိုက်ခိုက် ခဲ့တာကို ထောက်ခံတဲ့ အနေနဲ့ ထောင်သောင်း ချီတဲ့ ဂျော်ဒန် ပြည်သူတွေ မြို့တော် အမ္မန်မှာ စုရုံး ချီတက် ခဲ့ကြပါတယ်။

ဒါဇင်နဲ့ ချီတဲ့ IS ပစ်မှတ်တွေကို ကြာသပတေးနေ့က ဂျော်ဒန် တိုက်လေယာဉ်တွေ ဗုံးကြဲ တိုက်ခိုက် ခဲ့တယ်လို့ အစိုးရက ကြေညာ ခဲ့ပါတယ်။

IS စစ်သွေးကြွ တွေရဲ့ အမာခံ ဒေသ ဖြစ်တဲ့ ဆီးရီးယား နိုင်ငံ၊ ရက်ကာ မြို့ အနီးတဝိုက်ကို အဓိက ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာလို့ ဂျော်ဒန် အရာရှိတွေက ပြောပါတယ်။

အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှု တွေမှာ ဂျော်ဒန် အပါအဝင် အာရပ် ၄ နိုင်ငံ ပါဝင် တိုက်ခိုက် နေပြီး ခုချိန်အထိ လေကြောင်း တိုက်ခိုက်မှု အားလုံးရဲ့ အစိတ်အပိုင်း အနည်းငယ်သာ ပါဝင် နေပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ