ယူကရိန်း အရေး ပြင်သစ်နဲ့ ဂျာမန် ပူတင်နဲ့ တွေ့မယ်

  • 6 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ပွဲတွေကြောင့် ခုချိန်ထိ လူ ၅၄၀၀ နီးပါး သေဆုံးခဲ့

ယူကရိန်း အရှေ့ပိုင်းက ပြင်းထန် လာနေတဲ့ တိုက်ပွဲတွေကို အဆုံးသတ် နိုင်ဖို့ အတွက် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်နဲ့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် တို့ ဒီကနေ့ သောကြာနေ့မှာ ရုရှား သမ္မတ ပူတင်နဲ့ မော်စကို မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

လတ်တလောမှာ Debaltseve မြို့က အရပ်သားတွေ ထွက်ခွာနိုင်ဖို့ ယူကရိန်း အစိုးရတပ်နဲ့ သူပုန်တွေကြား ယာယီ အပစ်ရပ် ထားတယ်လို့လည်း သတင်းတွေ ရရှိပါတယ်။

ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေကို လက်နက် ထောက်ပံ့ ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို မော်စကိုက ငြင်းပယ် ထားပါတယ်။

ဒွန်းညက်စ်နဲ့ လူဟန့်စ်မြို့ တဝိုက်မှာ ရုရှား တပ်ဖွဲ့တွေက သူပုန်တပ်တွေကို ကူညီ တိုက်ခိုက် ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း ရုရှားက ငြင်းပယ် ထားပါတယ်။

ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေ အရ ပြီးခဲ့တဲ့ ဧပြီလက စပြီး ခုချိန်ထိ တိုက်ပွဲတွေကြောင့် လူ ၅၄၀၀ နီးပါး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ