ယူ​က​ရိန်း​အရေး ဥ​ရော​ပ ခေါင်းဆောင်​တွေနဲ့ ရုရှား​ ဆွေးနွေး

  • 6 ဖေဖော်ဝါရီ 2015
merkel_hollande_putin2 ဓာတ်ပုံ မူပိုင် AP
Image caption အပြု သဘော ဆောင်တဲ့ တွေ့ဆုံမှု ဖြစ်တယ် လို့ ရုရှား ပြောခွင့်ရ ပုဂ္ဂိုလ်က ဆို။

ယူကရိန်း အရှေ့ဘက်ခြမ်း တိုက်ပွဲ တွေ ရပ်တန့်ဖို့ သံတမန်ရေး အရ ကြိုးစားမှု အဖြစ် ပြင်သစ် နဲ့ ဂျာမဏီ နိုင်ငံ ခေါင်းဆောင် တွေဟာ မော်စကို မြို့ ကို သွားရောက် ပြီး ရုရှား သမ္မတ ပူတင် နဲ့ တွေ့ဆုံ ခဲ့တာ မှာ စကားပြောပွဲ ဟာ ၄ နာရီ ကျော် ကြာခဲ့ပါတယ်။

တွေ့ဆုံပွဲ ဟာ အပြုသဘော ဆောင်ခဲ့ပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန် နိုင်ဖို့ ပြင်ဆင် နေတယ် ဆိုပြီး ရုရှား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် က ဆိုပါတယ်။

မနက်ဖြန် တနင်္ဂနွေ နေ့မှာ လည်း ခေါင်းဆောင်တွေ အကြား တယ်လီဖုန်းက တဆင့် ထပ်မံ ဆွေးနွေး ကြဉီးမှာ ဖြစ်တယ် ဆိုပြီး တော့လည်း မစ္စတာ ပက်စ်ကော့ဗ် က ပြောပါတယ်။

ဆွေးနွေးပွဲ မစခင်ကတော့ ဂျာမဏီ ဝန်ကြီးချုပ် အဲန်ဂယ်လာ မက်ခဲလ် က သူမနဲ့ အတူ အခု မော်စကို ကို ရောက်နေတဲ့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် တို့ဟာ ဥရောပ တိုက် အတွင်း ငြိမ်းချမ်းရေး ကို ထိန်းသိမ်း ထားနိုင် ဖို့ ကြိုးစား နေတာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ရုရှား သမ္မတ ပူတင်နဲ့ ဆွေးနွေးပွဲ ကနေ ယူကရိန်း အစိုးရတပ် နဲ့ အရှေ့ဘက်ခြမ်း ရုရှား လိုလားသူ သူပုန် တွေ အကြား အပစ်ရပ် နိုင်တဲ့ အထိ ဖြစ်လာမလား ဆိုတဲ့ အပေါ် အာမတော့ မခံ နိုင်ကြောင်း လည်း ဂျာမဏီ ဝန်ကြီးချုပ် အဲန်ဂယ်လာ မက်ခဲလ် က ပြောခဲ့ ပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း မှာ တကယ်လို့ စစ်ပွဲတွေ ဆက်လက် ဖြစ်ပေါ် နေဦးမယ် ဆို ယူကရိန်း အစိုးရတပ် တွေကို လက်နက်တွေ တပ်ဆင် ပေးလာ နိုင်ကြောင်း အမေရိကန် အနေနဲ့ ပြောဆိုမှု တွေ ရှိလာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ