နိုင်​ဂျီး​ရီး​ယား ရွေး​ကောက်​ပွဲ ရွှေ့​ဆို​င်း

  • 7 ဖေဖော်ဝါရီ 2015
_elections_nigeria ဓာတ်ပုံ မူပိုင်
Image caption မတ်လ ၂၈ ရက်နေ့မှ နိုင်ဂျီးရီးယား ရွေးကောက်ပွဲ လုပ်တော့မယ်။

နိုင်ဂျီးရီးယား နိုင်ငံ ရဲ့ နောက်တစ်ပတ် စနေမှာ ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲ ကို လုံခြုံရေး စိုးရိမ်မှု တွေ ရှိနေတဲ့ အတွက် လို့ ဆိုကာ ရွေးကောက်ပွဲ ကော်မရှင် က ရွှေ့ဆိုင်း လိုက်ပါတယ်။ မတ်လ ၂၈ ရက်နေ့ မှာ ရွေးကောက်ပွဲ ကျင်းပမယ် လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယား အရှေ့မြောက်ဘက် တလွှားမှာ စစ်သွေးကြွ ဘိုကိုဟာရမ် တွေ စိုးမိုးထားတဲ့ အတွက် သိန်းနဲ့ ချီတဲ့ လူတွေ အိုးအိမ်တွေ စွန့်ပစ် ထွက်ပြေး နေကြရ လို့ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပ နိုင်ပါ့မလား ဆိုတာ အငြင်း ပွားဖွယ် ဖြစ်နေပါ တယ်။

နိုင်ဂျီးရီးယား အစိုးရ စစ်တပ်တွေ အနေနဲ့ ဘိုကိုဟာရမ်တွေ ကို တိုက်ခိုက် နေရတာ ကြောင့် မဲရုံတွေ အတွက် လုံခြုံရေး ယူပေးဖို့ မဖြစ်နိုင်ဘူး လို့ လုံခြုံရေး အာဏာပိုင် တွေက သူ့ကို ပြောလာကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အာတာဟီးရို ဂျေးဂါး က ဆိုပါတယ်။

ရွှေ့ဆိုင်း လိုက်တဲ့နေ့ မတိုင်ခင် အထိတော့ ရွေးကောက်ပွဲ ကော်မရှင်က ရွှေ့ဆိုင်းဖို့ အကြံပြုချက် တွေ ကို ငြင်းဆို နေခဲ့ပြီး စီစဉ်ထားတဲ့ အတိုင်း ကျင်းပမယ် လို့ ပြောနေ ခဲ့ရာက အခုလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းကြောင်း ဆုံးဖြတ် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ