ယီမင် နိုင်ငံ မြို့တော် ဗုံးပေါက်ကွဲ

  • 7 ဖေဖော်ဝါရီ 2015
yemen ဓာတ်ပုံ မူပိုင် Getty
Image caption စစ်အာဏာသိမ်းမှုကို ထောင်နဲ့ချီ ဆန္ဒပြကြ

ယီမင် နိုင်ငံ ဆာနာ မြို့တော် မှာ Huthi သူပုန်တွေ သိမ်းထား တဲ့ သမ္မတ အိမ်တော် ပြင်ဘက် မှာ ဗုံးပေါက်ကွဲပြီး လူ ၂ ယောက် ဒဏ်ရာ ရသွား တယ် လို့ ဆိုပါတယ်။

ထောင်နဲ့ချီတဲ့ ယီမင် ပြည်သူတွေ မြို့ကြီး တွေမှာ ချီတက်ပြီး သူပုန်တွေရဲ့ နိုင်ငံရေး ပြောင်းလဲယူမှု ကို ဆန့်ကျင် ကန့်ကွက် ခဲ့ကြပြီး သူပုန်တွေ ဆုတ်ခွာ ပေးဖို့ တောင်းဆို ကြ ပါတယ်။

ဆန္ဒပြ သမားတွေ လူစု ကွဲအောင် ဟူသီ တွေက သေနတ်တွေ မိုးပေါ် ထောင် ပစ်ဖောက်ခဲ့ကြ ပါတယ်။

သူပုန်တွေက မနေ့က လွှတ်တော် ဖျက်သိမ်း ပြီး အာဏာ သိမ်းထား တာ ဖြစ်ပါတယ်။

နောက်ထပ် ကြားဖြတ် လွှတ်တော် ခေါ်နိုင်ချိန်ထိ လုံခြုံရေး ကောင်စီနဲ့ နိုင်ငံကို အုပ်ချုပ် သွားမှာ ဖြစ်ပါတယ်။

ယီမင်မှာ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လှည့်ဖို့ သူပုန် တွေက စေ့စပ် ဆွေးနွေးမှုတွေ မလုပ်ရင် ၊ ယီမင် သမ္မတနဲ့ အစိုးရ အဖွဲ့ကို နေအိမ် အကျယ်ချုပ် က လွှတ်မပေးရင် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ က နောက်ထပ် အရေးယူမှု တွေ လုပ်မယ်လို့ ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ