ယူကရိန်း ပဋိပက္ခဖြေရှင်းရေး ဗုဒ္ဓဟူးနေ့ ဆွေးနွေးမယ်

  • 8 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption အချက် အတော် များများ ကို သဘောတူ နိုင်ဖို့ မစ္စတာ ပူတင် မျှော်လင့်

ယူကရိန်း ဂျာမနီ ပြင်သစ်နဲ့ ရုရှား နိုင်ငံ ခေါင်းဆောင် တွေဟာ ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခ အတွက် သံတမန်ရေး ဖြေရှင်းချက် တခု ရဖို့ အတွက် လာမယ့် ဗုဒ္ဒဟူး နေ့မှာ ဆွေးနွေး ကြဖို့ စီစဉ် နေကြ ပါတယ်။

ဒီ ထိပ်သီး ဆွေးနွေးပွဲ ကို ဘီလာရုပ်စ် နိုင်ငံ မြို့တော် မင့်ခ် မှာ ပြုလုပ်ဖို့ ဖြစ်ပါ တယ်။

တနင်္လာနွေ ကတော့ မစ္စတာ ပူတင်နဲ့ မစ္စတာ ပေါ်ရို ရှန်ကို တို့ဟာ ဂျာမနီ ဝန်ကြီးချုပ် နဲ့ အတူ ပြင်သစ် သမ္မတ အပါ အဝင် တယ်လီဖုန်း ကွန်ဖရင့် လုပ်ပြီး ဆွေးနွေး ခဲ့ကြ ပါတယ်။

ရုရှား သမ္မတ ပူတင် ကတော့ အာလုံး အနေနဲ့ အချက် အတော် များများ ကို သဘောတူ နိုင်ခဲ့ ရင်တော့ ရှေ့ဆက် လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကို ကတော့ ရုရှား လိုလားသူ သူပုန် တွေနဲ့ ခြွင်းချက် မရှိ ချက်ခြင်း အပစ် ရပ်နိုင် ဖို့ကို ခေါင်းဆောင် တွေ က မျှော်လင့် နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ