ဒရုန်းနဲ့ တိုက်ခိုက်မှု အတွင်း IS တပ်မှူး သေဆုံး

  • 9 ဖေဖော်ဝါရီ 2015
Image caption ပြီးခဲ့တဲ့လက တာလီဘန်ကနေ ခွဲထွက်ပြီး IS အဖွဲ့ထံ သစ္စာခံခဲ့

အာဖဂန် နစ္စတန် နိုင်ငံမှာ မောင်းသူမဲ့ လေယာဉ် ဒရုန်းနဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ထံ လတ်တလော ဘက်ပြောင်း သစ္စာခံထားတဲ့ စစ်သွေးကြွ တပ်မှူး တစ်ယောက် သေဆုံး ခဲ့တယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ယခင် တာလီဘန် တပ်မှူးဟောင်း ဖြစ်တဲ့ Mullah Abdul Rauf ဟာ နေတိုး အဖွဲ့ရဲ့ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့တာ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ လက တာလီဘန်ကနေ ခွဲထွက်ပြီး IS အဖွဲ့ကို သစ္စာခံခဲ့တာ ဖြစ်ပါတယ်။

လူ ၆ ဦး ပါတဲ့ ကားတစ်စီး သဲကန္တာရကို ဖြတ်မောင်းစဉ် ပေါက်ကွဲ ပျက်စီးခဲ့တယ်လို့ ဟယ်လ်မန်း ပြည်နယ် မြောက်ပိုင်းက မျိုးနွယ်စု အကြီးအကဲ တွေက ပြောပါတယ်။

နေတိုး အဖွဲ့ကတော့ ဒရုန်းနဲ့ တိုက်ခိုက်မှုကို အတည်ပြု ပေမယ့် ပစ်မှတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

တိုက်ခိုက်မှု အတွင်း အဗ္ဗဒူ ရာ့ဖ်နဲ့ အတူ သူ့ရဲ့ ယောက်ဖ တစ်ယောက်နဲ့ ပါကစ္စတန် နိုင်ငံသား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဟယ်လ်မန်း ပြည်နယ် ရဲမှူး Nabi Jan Mullahkhel က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ