အိမ်နီးချင်း​နိုင်ငံ​တွေ​ထဲ ဘို​ကို​ဟာ​ရမ်​တွေ တိုး​မြှင့်​တိုက်​ခိုက်

  • 9 ဖေဖော်ဝါရီ 2015
_boko_haram ဓာတ်ပုံ မူပိုင် AP
Image caption ဘိုကိုဟာရမ်တွေ ကို တိုက်ဖို့ ဒေသန္တရ တပ်ပေါင်းစု ဖွဲ့မယ် ဆိုပြီး သဘောတူထား ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံဘက်က အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ် တွေ က အိမ်နီးချင်း ကင်မရွန်း နဲ့ နီဂျဲ နိုင်ငံ တွေ ထဲမှာ တိုက်ခိုက်မှု တွေ တိုးမြှင့် ဆောင်ရွက် လာပါတယ်။

နိုင်ဂျီးရီးယား ရဲ့ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒေသန္တရ စုပေါင်းတပ် ဖွဲ့ပြီး ဘိုကိုဟာရမ်တွေ ကို တိုက်ခိုက် မယ်လို့ သဘောတူ ခဲ့ကြ အပြီး ၂ ရက် အကြာ မှာ ဘိုကိုဟာရမ် တွေ ဘက် ကလည်း အခုလို သူတို့ ရဲ့ တိုက်ခိုက်မှု တွေ ကို တိုးမြှင့် လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

ကင်မရွန်း နိုင်ငံမြောက်ပိုင်း ကိုဇာ ဆိုတဲ့ ရွာမှာ စျေးပြန် ဘတ်စ်ကား တစ်စင်း ပေါ် ကနေ လူ အယောက် ၂၀ ကို နိုင်ဂျီးရီးယား နယ်စပ် ဘက် ဦးတည် ခေါ်ဆောင် သွားတာ ခံလိုက် ရပါတယ်။

နီဂျဲ တောင်ပိုင်း ဒစ်ဖ်ဖာ မြို့မှာ လည်း ဘိုကိုဟာရမ် တွေ က အကျဉ်းထောင် တစ်ခု ကို တိုက်ခိုက်ပြီး ကားဗုံးလည်း ခွဲခဲ့ပါ တယ်။

ဒေသန္တရ စုပေါင်းတပ် အနေနဲ့ ဘယ်လို အောင်မြင်မှုမှ ရမှာ မဟုတ်ဘူး ဆိုပြီး ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှကောင်း က အင်တာနက် ဗီဒီယို ထဲမှာ ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ