ယူကရိန်း အရေးက အနောက် နိုင်ငံတွေကြောင့်လို့ ပူတင် ပြော

  • 9 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားက စစ်လက်နက်တွေ ထောက်ပံ့နေတယ် ဆိုတာကို မော်စကိုက ငြင်းဆိုထား

ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ပြင်သစ်နဲ့ ဂျာမနီ တို့ရဲ့ အစီအစဉ် ကမ်းလှမ်းချက်တွေကို စဉ်းစားနေချိန်မှာပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း ပဋိပက္ခဟာ အနောက် နိုင်ငံတွေကြောင့် ဖြစ်ရတာလို့ ပြောလိုက်ပါတယ်။

အနောက် နိုင်ငံတွေက ကတိဖျက်ပြီး နေတိုးရဲ့ စစ်အင်အားကို တိုးချဲ့ကာ၊ ရုရှား ဒါမှမဟုတ်ရင် သူတို့နဲ့ ပူးပေါင်းဖို့ တခြား နိုင်ငံတွေကို အနောက်နိုင်ငံတွေက တွန်းအား ပေးခဲ့ကြတယ်လို့ သမ္မတ ပူတင်က အီဂျစ် သတင်းစာကို ပြောပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့မှာ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခု ရလိမ့်မယ်လို့ မျှော်လင့် နေချိန်မှာ သမ္မတ ပူတင်က အခုလို ပြောဆိုလိုက်တာပါ။

ယူကရိန်း သူပုန်တွေကို ရုရှားက တပ်ဖွဲ့တွေနဲ့ လက်နက်တွေ ပေးပို့နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုနေပါတယ်။

တစ်ဘက်မှာလည်း ရုရှား စစ်သား ၅၀၀ နဲ့ စစ်သုံး ပစ္စည်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယူကရိန်း အရှေ့ပိုင်းကို ထပ်မံ ဝင်လာခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် လူ ၅၃၀၀ ကျော် သေဆုံးခဲ့ပြီး လူ တစ်သန်းခွဲ အိုးအိမ်စွန့် ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ