ဒေလီ ရွေးကောက်ပွဲမှာ BJP ပါတီ အပြတ်အသတ် ရှုံး

  • 10 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption AAP ကို ထောက်ခံသူတွေ အောင်ပွဲခံကြ

အိန္ဒိယ နိုင်ငံမှာ အဂတိ လိုက်စားမှု ဆန့်ကျင် တိုက်ဖျက်ရေး ပါတီ ဖြစ်တဲ့ Aam Aadmi(AAP) ပါတီဟာ မြို့တော် ဒေလီ ပြည်နယ် ရွေးကောက်ပွဲမှာ အာဏာရ BJP ပါတီကို ပြည်နယ် အမတ်နေရာ ၉၀ ရာခိုင်နှုန်း ကျော် နဲ့ အပြတ်အသတ် အနိုင်ရရှိသွားပါတယ်။

ပြည်နယ် အမတ်နေရာ ၇၀ အနက် ၆၇ နေရာကို Arvind Kejriwal ရဲ့ AAP ပါတီက အနိုင်ရသွားတာ ဖြစ်တဲ့အတွက် BJP ပါတီနဲ့ ခေါင်းဆောင် ဖြစ်သူ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အပေါ် အကြီးအကျယ် ရိုက်ခတ် သွားစေခဲ့ပါတယ်။

အခုလို ရှုံးနိမ့်မှုဟာ အာဏာရ BJP ပါတီ အတွက် ၂၀၁၄ အထွေထွေ ရွေးကောက်ပွဲမှာ အောင်မြင် ခဲ့ပြီးနောက် ပထမဆုံး ရှုံးနိမ့်မှု ဖြစ်ပါတယ်။

AAP ပါတီဟာ အခြေခံ လူတန်းစာတွေကို ကိုယ်စားပြုတဲ့ ပါတီလည်း ဖြစ်တဲ့အတွက် ဒီပါတီကို ထောက်ခံသူတွေဟာ အခုဆိုရင် မြို့တော် ဒေလီမှာ အကြီးအကျယ် အောင်ပွဲ ခံနေကြပါတယ်။

AAP ပါတီ ခေါင်းဆောင် မစ္စတာ Kejriwal ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း တစ်ခုနဲ့ ပတ်သက်ပြီး ဒေလီ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက် ခဲ့တဲ့အတွက် သူ့ပါတီ အနေနဲ့ အခြေမလှ ဖြစ်ခဲ့ရပြီလို့ အများက ယူဆခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ