မလေးရှား အတိုက်အခံ ခေါင်းဆောင်ကို ထောင်ဒဏ် အတည်ပြု

  • 10 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ညွန့်ပေါင်းအစိုးရရဲ့ လွှမ်းမိုးမှုကို အတိုက်အခံ လုပ်နိုင်မယ့် တစ်ဦးတည်းသောသူ အဖြစ် မစ္စတာ အီဘရာဟင်ကို လက်ခံထားကြ

မလေးရှား နိုင်ငံမှာ သဘာဝနဲ့ ဆန့်ကျင်တဲ့ လိင် ဆက်ဆံမှုနဲ့ သြဇာ တိက္ကမ ရှိတဲ့ အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim ကို ပြစ်ဒဏ် ချမှတ် ထားတာကို အယူခံ ဝင်ခဲ့ရာမှာ မလေးရှား အထက်တန်း တရားရုံးက ပယ်ချလိုက်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို ဆက်လက် အတည်ပြု လိုက်ပါတယ်။

မစ္စတာ အီဘရာဟင်ဟာ ကိုယ်ရေး အရာရှိ အမျိုးသား တစ်ဦးနဲ့ ၂၀၀၈ ခုနှစ်က လိင်တူ ဆက်ဆံ ခဲ့တယ် ဆိုပြီး ၂၀၁၄ ခုနှစ် မတ်လမှာ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံရတာ ဖြစ်ပါတယ်။

အများကတော့ ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက် အတွက် လုပ်ဆောင်တာလို့ ရှုမြင် ကြပါတယ်။

အရင်က ဒုတိယ ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ မစ္စတာ အီဘရာဟင်ဟာ အာဏာရ ပါတီကနေ ခွဲထွက်ပြီး အတိုက်အခံတွေနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

အာဏာရ ညွန့်ပေါင်း အစိုးရရဲ့ လွှမ်းမိုးမှုကို အတိုက်အခံ လုပ်နိုင်မယ့် တစ်ဦးတည်းသော သူအဖြစ် မစ္စတာ အီဘရာဟင်ကို အများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားကြတာလို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ