ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ မြေထဲပင်လယ်မှာ သေဆုံး

  • 11 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အသက်ရှင်သူ ၉ ဦးကို အီတလီ ကမ်းစောင့်တပ်က ကယ်တင်ခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြေထဲပင်လယ်မှာ ရေနစ် သေဆုံးခဲ့ရတဲ့ ရွှေ့ပြောင်း ဝင်ရောက်လာသူ စုစုပေါင်း လူ ၃၀၀ လောက် အထိ ရှိနိုင်တယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ဒီကိစ္စဟာ ပမာဏ ကြီးမားတဲ့ အဖြစ်ဆိုးကြီး ဖြစ်တယ်လို့ UNHCR ရဲ့ ဒေသဆိုင်ရာ ညွှန်မှူး Vincent Cochetel က ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူ ၉ ဦးကို အီတလီ ကမ်းစောင့် တပ်တွေက ကယ်တင်ခဲ့ပြီး လမ်ပီဒူစာ ကျွန်းကို ခေါ်ယူခဲ့ပါတယ်။

လစ်ဗျားကနေ အတူ ထွက်လာကြတဲ့ တခြား လှေတွေပေါ်က လူအတော်များများ ကတော့ ပင်လယ်ထဲမှာ လွင့်ပါသွားကြပြီလို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောပါတယ်။

အီတလီ နိုင်ငံဟာ ပင်လယ် ရေကြောင်းကနေ ဝင်ရောက် လာသူတွေကို ကယ်ဆယ်တဲ့ တစ်နှစ်ကြာတဲ့ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ရပ်ဆိုင်းခဲ့ပါတယ်။

အီတလီရဲ့ အဲဒီ ဆုံးဖြတ်ချက်ကြောင့် လူသေဆုံးမှုတွေ ပိုမို တိုးပွား လာနိုင်တယ်လို့ UNHCR က သတိပေးခဲ့ပါတယ်။

UNHCR ရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်မှာ မြေထဲပင်လယ်ကို ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားသူ ၃၅၀၀ လောက် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ