ထရန်စ်အေးရှား လေယာဉ်မှူးတွေ စစ်ဆေးမှု ကျရှုံး

  • 11 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption အရေးပေါ် အခြေအနေအတွက် စမ်းသပ်မှုမှာ လေယာဉ်မှူး ၁၀ ယောက် ကျရှုံး

ထိုင်ဝမ် လေကြောင်းလိုင်း ထရန်စ် အေးရှား လေယာဉ် တစ်စီး မြစ်ထဲ ပျက်ကျခဲ့ပြီး တစ်ပတ် အကြာမှာ ထရန်စ် အေးရှားရဲ့ လေယာဉ်မှူး တွေကို လုံခြုံရေး ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ စစ်ဆေးမှု မအောင်မြင်သူ ဒါမှမဟုတ် အစစ်ဆေး မခံသူ ၂၉ ယောက်ကို တာဝန်ကနေ ရပ်စဲ လိုက်တယ်လို့ သိရပါတယ်။

အရေးပေါ် အခြေအနေမှာ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စမ်းသပ်တဲ့ စစ်ဆေးမှု အတွင်း လေယာဉ်မှူး ၆၈ ယောက် အနက် ၁၀ ယောက်က ကျရှုံးခဲ့ပြီး၊ ၁၉ ယောက်က အစစ်ဆေးခံဖို့ ပျက်ကွက် ခဲ့တယ်လို့ ထိုင်ဝမ် လေကြောင်း အာဏာပိုင်က ပြောပါတယ်။

ထရန်စ် အေးရှား လေကြောင်းလိုင်း ကတော့ ဒီရလဒ်ဟာ လက်ခံနိုင်ဖွယ် မရှိကြောင်း ပြောဆိုပြီး၊ သူ့ရဲ့ လေယာဉ်မှူးတွေကို ပိုမို လေ့ကျင့်ပေးသွားဖို့ ကတိပြု လိုက်ပါတယ်။

ထရန်စ် အေးရှား လေယာဉ် တစ်စီး တိုင်ပေမြို့ အနီး မြစ်ထဲကို ပျက်ကျခဲ့လို့ လူ ၄၂ ဦး သေဆုံး ခဲ့ပြီးနောက် အခု စစ်ဆေးမှုကို လေကြောင်း အာဏာပိုင် အဖွဲ့က ပြုလုပ် ခဲ့တာပါ။

အဲဒီ ပျက်ကျမှုမှာ သေဆုံးခဲ့သူ တစ်ဦးစီ အတွက် ကျန်ရစ်သူ မိသားစုကို ဒေါ်လာ ၄ သိန်း ၇ သောင်းစီ လျော်ကြေးပေးဖို့ လေကြောင်းလိုင်းက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုကို ၄၂ ဦးလုံးရဲ့ မိသားစုတွေက ပယ်ချခဲ့တယ်လို့ ထိုင်ဝမ် သတင်းဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ