ယူကရိန်း အရေး ဆွေးနွေးပွဲတွေ စတင်

  • 11 ဖေဖော်ဝါရီ 2015
ukraine ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း တိုက်ပွဲ အခြေအနေ ဆိုးဆဲ

ယူကရိန်း အရှေ့ပိုင်း တိုက်ပွဲ တွေ ပြီးငြိမ်းရေး အတွက် ယူကရိန်း၊ ရုရှ၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေ ဘယ်လာရုစ် နိုင်ငံ မင့်စ် မြို့တော် မှာ ဆွေးနွေးပွဲ တွေ စတင် လိုက်ပါတယ်။

ဆွေးနွေးပွဲ အစမှာ ရုရှ နဲ့ ယူကရိန်း သမ္မတ တွေ ခဏ လက်ဆွဲ နှုတ်ဆက် ခဲ့ကြပါတယ်။

အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်မသွားအောင် ကာကွယ်တဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ရဖို့ လိုတယ်လို့ ယူကရိန်း သမ္မတ ပိုရို ရှန်ကို က သတိပေး ခဲ့ပါတယ်။

ရုရှ ယူကရိန်း နယ်စပ် ကို ယူကရိန်း အစိုးရနဲ့ သူပုန်တွေ ဘယ်သူတွေ ထိန်းချုပ်မလဲ ဆိုတာ အဓိက အငြင်းပွားနေကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ