ဂရိ ကြွေးမြီ ကိစ္စ ပြေလည်မှု ရှိနိုင်

  • 13 ဖေဖော်ဝါရီ 2015
greece ဓာတ်ပုံ မူပိုင် Reuters
Image caption ၂ ဘက် လက်ခံ နိုင်မယ့် ဖြေရှင်းနည်း ရမယ်လို့ ယုံ

ဂရိ နိုင်ငံ အပေါ် ကြွေးမြီ လျှော့ပေါ့ရေး တောင်းဆိုချက် တွေကို ဖြေရှင်းရာမှာ အပြုသဘော တိုးတက်မှုတွေ ရှိတယ်လို့ ဂရိနဲ့ ဂျာမနီ ခေါင်းဆောင် တွေက ပြောကြား ခဲ့ပါတယ်။

အလျှော့အတင်း လိုက်လျောမှုတွေ လုပ်ဖို့ ဂျာမနီ ဘက်က ပြင်ဆင်ထားတယ်၊ ဒီညှိနှိုင်းမှု တွေဟာ ဥရောပ သမဂ္ဂ အတွက် မှတ်တိုင်သစ် ဖြစ်တယ် လို့ ဘရပ်ဆဲ မှာ ကျင်းပ တဲ့ EU ဥရောပ သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ မှာ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲ က ပြောကြား ပါတယ်။

ဂရိ ဝန်ကြီးချုပ် Alexis Tsipras ကတော့ ၂ ဘက် အကျိုးရှိ လက်ခံ နိုင်မယ့် ဖြေရှင်းနည်း မျိုး ရလိမ့်မယ် လို့ ယုံကြည်ကြောင်း ပြောကြား ခဲ့ပါတယ်။

နိုင်ငံတကာ ကြွေးမြီ ထုတ်ချေးရေး အစီအစဉ် နဲ့ အတူ ပါလာတဲ့ ချိုးခြံ ချွေတာရေး အစီအစဉ် ကြောင့် ဂရိ နိုင်ငံ ရဲ့ စီးပွားရေး နှောင့်နှေး ခဲ့ရတယ်လို့ ဂရိ အစိုးရ က တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂ ၊ ဥရောပ ဗဟို ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံ ငွေ အဖွဲ့ တွေနဲ့ အလုပ်သဘော တွေ့ဆုံ ဖို့ အစီအစဉ် ကိုလည်း ဂရိ အစိုးရက သဘောတူ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ