ကိုရီးယား လေကြောင်းလိုင်း အရာရှိကို ထောင် ၁ နှစ်ချ

  • 12 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စ cho က လူသိရှင်ကြား တောင်းပန်ခဲ့။

လေယာဉ်ပေါ်မှာ တည်ခင်းတဲ့ သစ်သီးဆံ ကိစ္စနဲ့ ပတ်သက်ပြီး လေကြောင်း လုံခြုံရေးကို အနှောင့်အယှက် ပြုမှုနဲ့ တောင်ကိုရီးယား လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိဟောင်းကို ထောင် ၁ နှစ် ချမှတ် လိုက်ပါတယ်။

မစ္စ Heather Cho ခေါ် Cho Hyun-ah ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နယူးယောက်မြို့ လေဆိပ်မှာ ဘီးလှိမ့် ထွက်ခွာနေတဲ့ တောင်ကိုရီးယား လေကြောင်းပိုင် လေယာဉ်ကို ဂိတ်ပေါက်ဆီ ပြန်လှည့်ဖို့ အမိန့်ပေးခဲ့ပြီး လေယာဉ် ဝန်ထမ်း ခေါင်းဆောင်ကို ဆင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

မစ္စ Cho က အဲဒီ လေယာဉ် ခရီးစဉ်ကို သူ့ရဲ့ ကိုယ်ပိုင် လေယာဉ်သဖွယ် သဘောထား ပြုမူခဲ့တယ်လို့ တရားသူကြီး Oh Sung-woo က ပြောပါတယ်။

ဒီအဖြစ်နဲ့ ပတ်သက်လို့ မစ္စ Cho က ဒီဇင်ဘာလမှာ လူသိရှင်ကြား တောင်းပန်ခဲ့ပြီး သူ့ဖခင် ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက် ခဲ့ပါတယ်။

ဒီအမှုကြောင့် မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေ လွှမ်းမိုးထားတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေး ပုံစံနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ တိုးပွား လာစေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ