ရွှေ့ပြောင်းဝင်ရောက်သူတွေ သေဆုံးမှု ကာကွယ်နိုင်ခဲ့ဖွယ်ရှိ

  • 12 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အီတလီ ကမ်းခြေကို ရောက်ရှိခဲ့ပြီးမှ သေဆုံး သွားသူတွေလည်း ရှိ

ရွှေ့ပြောင်း ဝင်ရောက်သူ အယောက် ၃၀၀ ကျော် အခု သီတင်းပတ် အတွင်း မြေထဲပင်လယ်မှာ ရေနစ် သေဆုံးခဲ့ရမှုဟာ အီယူရဲ့ ပိုမို ထိရောက်တဲ့ အသက်ကယ် အကူအညီတွေနဲ့ ဆိုရင် ဒီလို မသေဆုံးအောင် ကာကွယ် နိုင်ခဲ့ဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

ရှာဖွေ ကယ်ဆယ်ရေး အစီအစဉ်တွေကို လျှော့ချ ခဲ့တာကြောင့် ရွှေ့ပြောင်း ဝင်ရောက်သူတွေ ပိုမို သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

အီတလီ နိုင်ငံရဲ့ စောင့်ကြည့် ကယ်ဆယ်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ရပ်ဆိုင်းခဲ့ပြီး အီးယူက ပမာဏ သေးငယ်တဲ့ ကယ်ဆယ်ရေး အစီအစဉ်ကို လွှဲပြောင်း ဆောင်ရွက် ခဲ့တာပါ။

UNHCR ရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်မှာ မြေထဲပင်လယ်ကို ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားသူ ၃၅၀၀ လောက် သေဆုံး ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံး အဖြစ်အပျက်အရ အခု သီတင်းပတ် အတွင်းမှာ လစ်ဗျားကနေ လှေ ၄ စီးနဲ့ ထွက်ခွာ လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ထဲက အယောက် ၃၀၀ ကျော် မြေထဲပင်လယ်မှာ သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ