IS တွေ အီ​ရတ်​မှာ မြို့​သိမ်းနိုင်

  • 13 ဖေဖော်ဝါရီ 2015
iraq_soldier ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် လေတပ် အခြေစိုက် စခန်း အနီးက အီရတ်မြို့ကို IS တွေ သိမ်း။

အီရတ်နိုင်ငံ အနောက်ဘက်ပိုင်း အယ်လ် ဘဂ္ဂဒါဒီ မြို့ကို အစ္စလာမ္မစ် လက်နက်ကိုင် IS တွေက သိမ်းပိုက် လိုက်ကြောင်း အမေရိကန် က အတည်ပြု ပြောကြားပါတယ်။

အဆိုပါ အယ်လ် ဘဂ္ဂဒါဒီ မြို့ အနီးမှာ အမေရိကန် လေတပ် အခြေစိုက် စခန်း တစ်ခုလည်း ရှိပြီး အီရတ် အစိုးရ တပ်သားတွေ ကို လေ့ကျင့်ပေးဖို့ အမေရိကန် မရိန်းတပ်သား ၃၀၀ တပ်ချ ထားပါတယ်။

ပြီးခဲ့တဲ့ ၂ လ လောက် အတွင်း ပထမဆုံး အကြိမ် IS တွေ အနေနဲ့ နယ်မြေသစ် သိမ်းပိုက် နိုင်တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် ရဲ့ ပြောခွင့်ရ ဂျွန်ကာဘီ က ဆိုပါတယ်။

အခုလို IS တွေ မြို့သိမ်း နိုင်တာဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေ ရဲ့ IS ချေမှုန်းရေး အစီအမံ အတွက်၊ အဓိက ရှုံးနိမ့်မှု တစ်ရပ်လား ဆိုတာကိုတော့ ဂျွန်ကာဘီ က ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ