ပါကစ္စတန် ဗလီတစ်ခု အတိုက်ခံရ၊ ၁၉ ဦး သေ

  • 13 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ခိုက်တာလို့ တာလီဘန်တွေက ပြော

ပါကစ္စတန် နိုင်ငံ၊ ပက်ရှ်ဝါ မြို့က ရှီးယား ဗလီ တစ်ခုကို တာလီဘန် စစ်သွေးကြွ တွေက ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့လို့ အနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဗလီ အနီး တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ တစ်ယောက်ကို ရဲက ပစ်သတ်ခဲ့ပြီး၊ နောက် စစ်သွေးကြွ တစ်ဦးကတော့ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ကာ၊ တတိယ တစ်ယောက်ကိုတော့ အရှင် ဖမ်းမိတယ်လို့ ပါကစ္စတန် ရဲက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကလည်း ဆင်းဒ် ပြည်နယ်၊ ရှီကာပူရ် မြို့က ရှီးယား ဗလီ တစ်ခု တိုက်ခိုက် ခံခဲ့ရပြီး လူ ၆၀ ကျော် သေဆုံး ခဲ့ရပါတယ်။

နှစ် အနည်းငယ် အတွင်း အသေအပျောက် အများဆုံး ဖြစ်တဲ့ အဲဒီ တိုက်ခိုက်မှုကို တာလီဘန်တွေနဲ့ ဆက်စပ်နေတဲ့ ဆွန်နီ စစ်သွေးကြွတွေက သူတို့ တိုက်ခိုက် ခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ