နိုင်ဂျီးရီးယားက ဂေါမ်ဘေ မြို့ကို ဘိုကိုဟာရမ်တိုက်

  • 14 ဖေဖော်ဝါရီ 2015
nigeria soldiers ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ဂျီးရီးယား စစ်သည်များ

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက ဂေါမ်ဘေ မြို့ကို ဘိုကိုဟာရမ် အဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

မြို့ကနေ စစ်ဘေးလွတ်ဖို့ ထွက်ပြေးလာကြသူ တွေရဲ့ အပြောအရ နိုင်ဂျီးရီးယား စစ်တပ်က ပြန်လည် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ မြေပြင် တပ်ဖွဲ့တွေကို လေကြောင်းကနေ ပစ်ကူတွေ လည်း ပေးနေတယ်လို့ ဆိုပါတယ်။

ဘိုကိုဟာရမ် အဖွဲ့က အဲဒီ ဂေါမ်ဘီမြို့ကို စနေနေ့ မနက်ပိုင်းမှာ ဝင်ပြီး တိုက်ခိုက်ခဲ့ကြတာပါ။ အရင်ကလည်း အဲဒီမြို့တွင်းကို ဂျီဟဒ်ဝါဒီတွေက ဝင်ပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလို မြို့ကို သိမ်းပိုက်ဖို့ တိုက်ခိုက်တာမျိုးတော့ မရှိခဲ့ဖူးပါဘူး။ နိုင်ဂျီးရီးယားမှာ ဒီစနေနေ့ မှာ အထွေအထွေ ရွေးကောက်ပွဲ ကျင်းပဖို့ အရင်က စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ လုံခြုံရေး အခြေအနေအရ သတင်း ၆ ပတ် ရွေ့ဆိုင်း ထားရပါတယ်။