ဒိန်းမတ်မှာ ဂျူး ဘုရားကျောင်း တိုက်ခိုက် ခံရ

  • 15 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပေဟေဂင်က ကော်ဖီဆိုင် စကားဝိုင်းကို ဝင် ပစ်ခတ် လို့ လူ တဦး သေဆုံး ခဲ့

ဒိန်းမတ် နိုင်ငံ မြို့တော် ကိုပေဟေဂင်မှာ တနင်္ဂနွေ မနက် အစောပိုင်းက ဖြစ်ပွား ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ဂျူး တဦး သေဆုံး သွားခဲ့ ရတဲ့ အဓိက ဂျူး ဘုရား ကျောင်း ကို ဒိန်းမတ် ဝန်ကြီးချုပ် သွားရောက် ခဲ့ပါတယ်။

ဂျူး ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်း နေတဲ့ အမျိုးသား တဦး အသက် ဆုံးရှုံး သွားခဲ့ ရတာဟာ ကြေကွဲဖွယ် ဖြစ်ရပ်လို့ ဝန်ကြီးချုပ် က ပြောကြား သွားခဲ့ ပါတယ်။

နောက်ပြီး ဒိန်းမတ်မှာ ဂျူး လူမျိုး အသိုင်း အဝိုင်းကို အကာ အကွယ် ပေးမယ် လို့လည်း ဝန်ကြီးချုပ်က ကတိပေး ပြောကြား သွားပါတယ်။

စနေနေ့ ညနေပိုင်း ကလည်း ကိုပေဟေဂင်က ကော်ဖီဆိုင် တခုမှာ ပြုလုပ် နေတဲ့ လွတ်လပ် စွာ ထုတ်ဖေါ်ခွင့် စကား ဝိုင်းကို ဝင်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ရာမှာ လည်း လူ တဦး သေဆုံး သွားခဲ့ ပါတယ်။

အဲဒီ ဆွေးနွေး ပွဲကို တက်ရောက် နေသူတွေ ထဲမှာ ဆွီဒင်က ကာတွန်း ဆရာ လားရှ် ဗစ်ခ် လည်း ပါပါတယ်။ သူဟာ တမန်တော် မိုဟာမက် ပုံကို ကာတွန်း ရေးဆွဲ ခဲ့သူ ဖြစ်ပါတယ်။

ကိုပေဟေဂင် ရဲတပ်ဖွဲ့ ကတော့ အခု တနင်္ဂနွေ မနက်ပိုင်း ရဲက ပစ်သတ် လိုက်တဲ့ သူဟာ စနေနေ့နဲ့ တနင်္ဂနွေ တိုက်ခိုက်မှု ၂ ခု စလုံးကို ပြုလုပ် ခဲ့သူ လို့ ယုံကြည် နေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ