စီးပွားရေး ကျဆင်းမှုကနေ ဂျပန် ရုန်းထွက်နိုင်

  • 16 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဒုတိယနဲ့ တတိယ ၄ လပတ်တွေမှာ စီးပွားရေး ကျဆင်းခဲ့ပြီး နောက်ဆုံး ၄ လပတ်မှာ ပြန်လည် တိုးတက်လာ

ကမ္ဘာ့ တတိယ စီးပွားရေး အင်အား အကြီးဆုံး ဂျပန် နိုင်ငံဟာ စီးပွားရေး ကျဆင်းတဲ့ အခြေအနေ ကနေ ရုန်းထွက် နိုင်ပြီ ဖြစ်ပေမယ့် စီးပွားရေး တိုးတက်နှုန်း ကတော့ မျှော်လင့် ထားတာထက် နှေးကွေး နေဆဲ ဖြစ်ပါတယ်။

မနှစ်က နောက်ဆုံး ၄ လပတ် အတွက် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ ပြီးခဲ့တဲ့ လေးလပတ်နဲ့ ယှဉ်ရင် ၀ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒါမှမဟုတ် နှစ်အလိုက် တိုးတက်မှုနှုန်း ၂ ဒဿမ ၂ ရာခိုင်နှုန်း ရှိခဲ့ ပေမယ့် မှန်းခြေ တိုးတက်နှုန်း ကတော့ ၃ ဒဿမ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

မနှစ်က ဒုတိယနဲ့ တတိယ ၄ လပတ် တွေမှာ ဆက်တိုက် စီးပွားရေး ကျဆင်း ခဲ့ပြီးနောက် အခုလို နောက်ဆုံး ၄ လပတ်မှာ ပြန်လည် တိုးတက် လာတာပါ။

အစုရှယ်ယာ စျေးကွက်နဲ့ အိမ်ခြံမြေ စျေးတွေ တက်လာတဲ့ အတွက် ချမ်းသာသူတွေကို ပိုမို အကျိုးအမြတ် ရှိစေမှာ ဖြစ်လို့ လူမှု အသိုင်းဝိုင်းမှာ ညီမျှမှု နည်းပါး သွားမယ့် အနေအထားကို ဦးတည်နေတယ်လို့ တိုကျိုက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ