လစ်ဗျား အတွင်း ကြားဝင်ခွင့် ရဖို့ အီဂျစ် တောင်းဆို

  • 17 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption လစ်ဗျားမှာ ရှိတဲ့ IS အဖွဲ့ ပစ်မှတ်တွေကို အီဂျစ်က ဗုံးကြဲ တိုက်ခိုက်ခဲ့

လစ်ဗျား နိုင်ငံ အတွင်းကို နိုင်ငံတကာ တပ်ဖွဲ့တွေ စစ်ရေးအရ ဝင်ရောက် ဖြေရှင်းခွင့် အတွက် အတည်ပြုပေးဖို့ အီဂျစ် သမ္မတ Abdel Fatah Al-Sisi က ကမ္ဘာ့ ကုလ သမဂ္ဂကို တောင်းဆို လိုက်ပါတယ်။

အီဂျစ် နိုင်ငံသား ကော့ပ်တစ် ခရစ်ယာန် ၂၁ ဦးကို လစ်ဗျားမှာ ရှိတဲ့ IS အဖွဲ့က ခေါင်းဖြတ် သတ်တဲ့ ဗီဒီယို ထွက်ပေါ် လာပြီးနောက် အီဂျစ်က IS အဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်ခဲ့ အပြီး အခုလို တောင်းဆို လိုက်တာပါ။

လစ်ဗျား နိုင်ငံမှာ လောလောဆယ် အစိုးရ အဖွဲ့ ၂ ခု စင်ပြိုင် အုပ်စိုး နေသလို အရေအတွက် များပြားတဲ့ စစ်သွေးကြွ အုပ်စုတွေကလည်း လစ်ဗျားကို ထိန်းချုပ် နိုင်ဖို့ တိုက်ခိုက် နေကြပါတယ်။

မြို့တော် ထရီပိုလီ ကနေ တိုဘရွတ် မြို့ကို ဆုတ်ခွာ ခဲ့ရတဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို လက်နက် ထောက်ပံ့ ကြဖို့လည်း အီဂျစ် သမ္မတ စီစီက တောင်းဆို လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ