အကြမ်းဖက်မှု တိုက်ဖျက်ရေး ကူငွေ ဂျပန် တိုးမြှင့်

  • 17 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ကီရှီဒါက အမေရိကန် ဒေါ်လာ ၇ သန်းခွဲ ကူညီမယ်လို့ အရင်က ပြောခဲ့ပေမယ့် အခု ၂ ဆ ကျော် တိုးမြှင့်

အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွေက အကြမ်းဖက်မှုတွေကို နှိမ်နင်းရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ ၁၅ သန်းခွဲ ကူညီမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida က ကြေညာလိုက်ပါတယ်။

IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ချက်နဲ့ ဂျပန် ဓားစာခံ ၂ ယောက် သေဆုံးခဲ့ အပြီးမှာ အခု ကြေညာချက် ထွက်ပေါ်လာတာပါ။

အခု ကူညီမယ့် ငွေ ပမာဏဟာ ဇန်နဝါရီလက မစ္စတာ Kishida ကြိုတင် ပြောထားခဲ့တဲ့ ပမာဏထက် ၂ ဆ ဖြစ်ပါတယ်။

ဒီငွေတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေ ရှိတဲ့ ဒေသတွေမှာ အပြင်က အကြမ်းဖက် သမားတွေ ဝင်မလာအောင် နယ်နိမိတ်တွေ ထိန်းချုပ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်း တွေက တဆင့် အသုံးပြု သွားမယ်လို့ မစ္စတာ ကီရှီဒါက ပြောပါတယ်။

ဝန်ကြီးချုပ် ရှင်ဇို အဘေးကလည်း IS အဖွဲ့ကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ စစ်ရေးအရ မဟုတ်တဲ့ အရပ်ဘက် အကူအညီ အဖြစ် ဒေါ်လာ သန်း ၂၀၀ ကူညီမယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ