ဘာသာရေး တိုက်ခိုက်မှုတွေကို မိုဒီ သတိပေး

  • 17 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ဘာသာတရား အားလုံးကို အကာအကွယ် ပေးမယ်လို့ မိုဒီ ကတိပြု

အိန္ဒိယ နိုင်ငံ၊ ဒေလီ မြို့က ခရစ်ယာန် ဘုရားကျောင်းတွေ တိုက်ခိုက် ခံရမှု အချို့ ဖြစ်ပွားခဲ့ အပြီးမှာ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ဘာသာရေး အဖွဲ့အစည်း အားလုံးကို အကာအကွယ် ပေးဖို့ ကတိပြု လိုက်ပါတယ်။

မြို့တော် ဒေလီက ခရစ်ယာန် ဘာသာဝင် တွေကို ပြောတဲ့ မိန့်ခွန်းမှာ မစ္စတာ မိုဒီက ခုလို ကတိပြုခဲ့ပြီး ဘာသာရေး အဖွဲ့အစည်း တွေကလည်း ကန့်သတ် ချုပ်ထိန်းမှုတွေနဲ့ အပြန်အလှန် လေးစားမှုတွေ ပြသကြဖို့ သူက တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ပိုင်း ခရစ်ယာန် ဘုရားကျောင်း ၅ ခု တိုက်ခိုက် ခံခဲ့ရပေမယ့် မစ္စတာ မိုဒီက ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမှ ပထမဆုံး အကြိမ် ဖော်ထုတ် ပြောဆိုတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီ BJP ပါတီ အနေနဲ့ လူနည်းစု ဘာသာခြားတွေကို တိုက်ခိုက်နေတဲ့ ဟိန္ဒူ အစွန်းရောက်တွေ အပေါ် လုံလောက်တဲ့ တားမြစ်မှုတွေ မလုပ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ