အာရှတလွှားမှာ တရုတ် နှစ်ကူး ကာလ စတင်

  • 18 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ရက် ၄၀ အတွင်း တရုတ် လူမျိုး သန်း ၃ ထောင်လောက် ခရီးထွက်ကြမယ်လို့ ဆို

အာရှတိုက် တဝန်းမှာ တရုတ် ရိုးရာ သိုးနှစ်ကို ကြိုဆိုဖို့ နှစ်သစ်ကူး ပွဲတော်တွေကို စတင် ကျင်းပ နေကြပါတယ်။

တရုတ် နိုင်ငံမှာတော့ မြို့ကြီးတွေမှာ အလုပ်လုပ်နေ ကြတဲ့ သန်း ထောင်ချီတဲ့ တရုတ် လူမျိုးတွေ ဇာတိ ရပ်ရွာတွေဆီ အပြန်ခရီး အသီးသီး ထွက်ခွာ နေကြပါတယ်။

ရက်ပေါင်း ၄၀ အတောအတွင်း လေယာဉ်၊ ရထားနဲ့ ကားလမ်း ခရီးစဉ်ပေါင်း သန်း ၃ ထောင်လောက်နဲ့ တရုတ်လူမျိုးတွေ ခရီးသွား ကြဖွယ် ရှိတယ်လို့ တရုတ် သတင်း မီဒီယာက ပြောပါတယ်။

လေထု ညစ်ညမ်းမှု တိုးပွားလာမှာကို တားဆီးတဲ့ အနေနဲ့ မီးရှုးမီးပန်းတွေ လျှော့ပြီး ပစ်ဖောက်ကြဖို့ တရုတ် အာဏာပိုင် တွေက တိုက်တွန်း ထားပါတယ်။

တရုတ် နှစ်ကူး ကာလဟာ ထိုင်ဝမ်၊ စင်ကာပူနဲ့ မလေးရှား တို့လို တရုတ် လူမျိုးတွေ အခြေချ နေထိုင်ရာ နိုင်ငံတွေမှာလည်း အများပြည်သူ ရုံးပိတ်ရက် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ