HSBC ဂျီနီဗာ ဘဏ်ခွဲကို ဝင်ရောက် ရှာဖွေ

  • 18 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption စုံစမ်း စစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်နေတယ်လို့ HSBC ပြော

ကမ္ဘာ့ အကြီးဆုံး ဘဏ်တစ်ခု ဖြစ်တဲ့ HSBC ရဲ့ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ ဘဏ်ခွဲက ရုံးခန်းတွေကို ငွေမည်း ခဝါချမှု စုံစမ်းနေတဲ့ ဆွစ် အာဏာပိုင်တွေက ဝင်ရောက် ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

HSBC ဘဏ်ဟာ သူဌေးတွေ အခွန်ရှောင်နိုင်ဖို့ ကူညီခဲ့ကြောင်းကို ဖော်ပြနေတဲ့ စာရွက် စာတမ်း တွေ ပေါက်ကြား ခဲ့တဲ့နောက် အခုလို စုံစမ်း စစ်ဆေးရတာ ဖြစ်တယ်လို့ ဆွစ်ဇလန် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

HSBC ဘဏ်ကတော့ သူတို့ အနေနဲ့ အာဏာပိုင် တွေရဲ့ စုံစမ်းမှုမှာ ပူးပေါင်း ဆောင်ရွက် နေပါတယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က HSBC ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ်က တောင်းပန်စာ ထုတ်ခဲ့ပြီး သူတို့ရဲ့ လုပ်ထုံး လုပ်နည်းတွေကို လုံးဝ ပြင်ဆင် မွမ်းမံပြီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ