ဂ​ရိ ဘဏ္ဍာ​ရေး ဘ​ရပ်​ဆဲလ်​မှာ ဆွေးနွေး​မယ်

  • 19 ဖေဖော်ဝါရီ 2015
greece_stock_exchange ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ နိုင်ငံ ရဲ့ ဘဏ်တွေ မှာ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်း မှာပဲ လည်ပတ်စရာ ငွေကြေးတွေ ကုန်ဆုံးသွားတော့ မယ့် အခြေအနေ ရှိနေပါတယ်။

ဂရိ နိုင်ငံ အပေါ် ဘဏ္ဍာရေး အကူအညီ ပေးရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဂရိ ရဲ့ တောင်းဆိုမှု ကို ဂျာမနီ ဘဏ္ဍာရေး ဝန်ကြီး က ပယ်ချ လိုက်တဲ့ နောက် အခုဆိုရင် ဒီ အကြပ်အတည်း ကို ဖြေရှင်း နိုင်ဖို့ အတွက် သံတမန် ရေးရာ ဆောင်ရွက်ချက် တွေ အသည်းအသန် ဆက်လက် လုပ်ဆောင် နေကြပါ တယ်။

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် ကို ဂရိ ဝန်ကြီးချူပ် အလက်စီ ဆီးပရက်စ် က တယ်လီဖုန်း နဲ့ စကား ပြောခဲ့တာ မှာ အပြုသဘော ဆောင် ခဲ့တယ် လို့ ဂရိ အစိုးရ အရာရှိ တွေ က ပြောပါတယ်။

ဂရိ အစိုးရ ရဲ့ အသုံးစရိတ် တွေ ကို ကန့်သတ် တဲ့ စည်းကမ်းတွေ မပါဝင်တဲ့ ၆ လ သက်တမ်း ရှိတဲ့ အကူအညီ ပေးရေး အစီအစဉ် လုပ်ဆောင်ဖို့ မြီရှင် နိုင်ငံတွေ အပေါ် ဂရိ အစိုးရ တောင်းဆို ထားတာ ဖြစ်ပါတယ်။

အဲဒီ့ ဂရိ ရဲ့ တောင်းဆိုမှု အပေါ် ဆွေးနွေးကြဖို့ ယူရို ငွေကြေး စျေးကွက် ထဲက နိုင်ငံတွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ ဟာ ဘရပ်ဆဲလ် မြို့မှာ ဒီနေ့ တွေ့ဆုံ ကြပါမယ်။

ဂရိ နိုင်ငံ ရဲ့ ဘဏ်တွေ မှာ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်း မှာပဲ လည်ပတ်စရာ ငွေကြေး တွေ ကုန်ဆုံး သွားတော့ မယ့် အခြေအနေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ