ဂ​ရိ​ဘဏ်​တွေ​ကို ကယ်ဆယ်​ဖို့ ၄ လ သက်​တမ်း​တိုး​မယ်​လို့ သဘောတူ

  • 20 ဖေဖော်ဝါရီ 2015
greece_eurozone ဓာတ်ပုံ မူပိုင်
Image caption လာမယ့် တနင်္လာနေ့ အမီ ဂရိ နိုင်ငံဘက်ကနေ သူတို့ ဆောင်ရွက်မယ့် ဘဏ္ဍာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ ကို မြီရှင် နိုင်ငံတွေ ဆီ တင်သွင်း ရမှာ ဖြစ်ပါတယ်။

ဂရိ နိုင်ငံ အပေါ် နိုင်ငံတကာ ရဲ့ ဘဏ္ဍာရေး အရ အကူအညီတွေ ကို စည်းကမ်း သတ်မှတ်ချက် တွေ ထားပြီး ၄ လ သက်တမ်း ထပ်မံ ကူညီ မယ် လို့ ယူရို ငွေကြေး စျေးကွက် ထဲက နိုင်ငံတွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ သဘောတူ လိုက်ပါတယ်။

ဂရိ နိုင်ငံဘက်က သူတို့ တင်ရှိနေတဲ့ ကြွေးမြီ တွေ ကို သဘောတူ သတ်မှတ် ထားတဲ့ ကာလ တွေ မှာ ပြန်လည် ပေးဆပ် ဖို့ နဲ့ သူတို့ရဲ့ ဘတ်ဂျက် ဆိုင်ရာ ရည်မှန်း ချက် တွေ ကနေ သွေဖီစေမယ့် ဘယ်လို လုပ်ဆောင်ချက် မျိုးမှာ ကိုယ့်သဘောနဲ့ ကိုယ် မဆောင်ရွက် ဘူး ဆိုတဲ့ ကတိကဝတ် ပြုခဲတယ် ဆိုပြီး ယူရိုအုပ်စုရဲ့ ဥက္ကဌ ရေရူးန် ဒိုင်ဆာ ဘလွန်းမ် က ပြောပါတယ်။

ဂရိ ဘဏ္ဍာရေး ဝန်ကြီး ယာနစ် ဗာရူဖားကစ် Yanis Varoufakis က အခု သဘော တူညီ မှု ဟာ ဥရောပ အတွက်လည်း မျှတတဲ့ ပါတယ် လို့ ပြောပါတယ်။

လာမယ့် တနင်္လာနေ့ အမီ ဂရိ နိုင်ငံဘက်ကနေ သူတို့ ဆောင်ရွက်မယ့် ဘဏ္ဍာရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး အစီအစဉ်တွေ ကို မြီရှင် နိုင်ငံတွေ ဆီ တင်သွင်း ရမှာ ဖြစ်ပါတယ်။

အဲဒီ့နောက် ဂရိကို ပေးအပ်မယ့် ဘဏ္ဍာရေး ဆိုင်ရာ အကူအညီ နဲ့ ပတ်သက်လို့ ယူရို ငွေကြေး စျေးကွက် ထဲက နိုင်ငံတွေ ရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ က အင်္ဂါနေ့မှာ အပြီးသတ် ဆုံးဖြတ် ကြ မှာ ဖြစ်ပါတယ်။

တကယ်လို့ အခု ဘရပ်ဆဲမြို့ အစည်းအဝေး ကနေ သဘောတူမှု တစုံတရာ မရရှိ ခဲ့ရင် ဂရိ နိုင်ငံ ထဲက ဘဏ်တွေ မှာ သီတင်း တစ်ပတ်ကျော် အတွင်း လည်ပတ် စရာ ငွေကြေးတွေ ကုန်ခမ်း တော့ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ