ဂရိ အကျပ်အတည်း အီးယူနိုင်ငံတွေ ဆွေးနွေး

  • 20 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပရဲ့ အနာဂတ် အတွက် သမိုင်းဝင်မယ့် အချိန် ဖြစ်တယ်လို့ ဂရိ ဝန်ကြီးချုပ် ဆို

ဂရိ နိုင်ငံက တခြား အီးယူ နိုင်ငံတွေကို တောင်းဆို ထားတဲ့ ငွေထုတ်ချေးရေး အစီအစဉ်နဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ် မြို့မှာ ဒီကနေ့ သောကြာနေ့မှာ အီးယူ ဘဏ္ဍာရေး ဝန်ကြီးတွေ အကြေအလည် ဆွေးနွေး နေကြပါတယ်။

ညှိနှိုင်းရ ခက်ခဲမယ့် ဒီဆွေးနွေးပွဲ ကနေ ဆုံးဖြတ်ချက် အလျင်အမြန် ချနိုင်ဖို့ အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။

ကြာသပတေး နေ့ကတော့ ဂရိနိုင်ငံက ကမ်းလှမ်းထားတဲ့ အသုံးစားရိတ် လျှော့ချမှု အနည်းငယ် ပါဝင်မယ့် ၆ လတာ ငွေချေးယူရေး အစီအစဉ်ကို ဂျာမနီက ပယ်ချ ခဲ့ပါတယ်။

အခုအချိန်ဟာ ဥရောပရဲ့ အနာဂတ် အတွက် သမိုင်းဝင်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ရမယ့် အချိန်ဖြစ်တယ်လို့ ဂရိ ဝန်ကြီးချုပ် Alexis Tsipras က ပြောပါတယ်။

တကယ်လို့ ဘရပ်ဆဲလ်မြို့ ဆွေးနွေးပွဲမှာ သဘောတူညီမှု မရခဲ့ရင်တော့ သီတင်းပတ် အနည်းငယ် အတွင်း ဂရိနိုင်ငံမှာ လည်ပတ်စရာ ငွေကြေးတွေ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ