ဆိုမာလီ မြို့တော်က ဟိုတယ် တိုက်ခိုက်ခံရ

  • 20 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အစိုးရ အရာရှိတွေကို တိုက်ခိုက်မယ်လို့ အယ်လ်ရှာဘတ် တွေက ပြောခဲ့ဖူး။

ဆိုမာလီ နိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူး မြို့လယ်က ဟိုတယ် တစ်ခု တိုက်ခိုက် ခံခဲ့ရလို့ အစိုးရ ထိပ်တန်း အရာရှိတွေ အပါအဝင် လူ ၂၀ ထက် မနည်း သေဆုံး ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

နိုင်ငံရေး သမားတွေ မကြာခဏ လာရောက်လေ့ ရှိတဲ့ အဲဒီ စင်ထရယ် ဟိုတယ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ၂ ခုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တာပါ။

အယ်လ်ရှာဘတ် စစ်သွေးကြွတွေက ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အယ်လ်ရှာဘတ် အုပ်စုဟာ ကုလသမဂ္ဂက ကျောထောက် နောက်ခံ ပြုထားတဲ့ ဆိုမာလီယာ အစိုးရကို တိုက်ခိုက်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

အယ်လ်ကိုင်ဒါနဲ့ အဆက်အစပ် ရှိတဲ့ အဲဒီ အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို ဆိုမာလီယာရဲ့ အဓိက မြို့တွေကနေ တိုက်ထုတ် နိုင်ပြီး ဖြစ်ပေမယ့် တောင်ပိုင်းက ကျေးလက် ဒေသတွေကို အယ်လ်ရှာဘတ်တွေ ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ