စီးပွားဖြစ် အငှား ကိုယ်ဝန်ဆောင်မှု ထိုင်း ပိတ်ပင်

  • 20 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဉာဏ်ရည်မမီတဲ့ သားငယ်နဲ့ ထိုင်း အငှား ကိုယ်ဝန် မိခင်

နိုင်ငံခြားသားတွေ အတွက် ထိုင်း အမျိုးသမီးတွေက အငှား ကိုယ်ဝန်ဆောင် တာတွေကို တားမြစ်တဲ့ ဥပဒေ ထိုင်းနိုင်ငံမှာ စတင် သက်ဝင် လာပြီ ဖြစ်ပါတယ်။

အငှား ကိုယ်ဝန်ဆောင်ဖို့ ကြားပွဲစားတွေက တဆင့် ဆက်သွယ်တာ တွေနဲ့ အမျိုးသမီးတွေက စီးပွားရေး လုပ်ငန်းလို ကြော်ငြာ တာမျိုးတွေကိုလည်း ဒီဥပဒေက တားမြစ် လိုက်ပါတယ်။

မနှစ်တုန်းက သြစတြေးလျ ဇနီးမောင်နှံ အတွက် အငှား ကိုယ်ဝန်ဆောင်တဲ့ ထိုင်း အမျိုးသမီးရဲ့ သားငယ်မှာ မွေးရာပါ ဉာဏ်ရည်မမီတဲ့ ရောဂါ ပါလာပြီးနောက် ထိုင်းနိုင်ငံက အငှား ကိုယ်ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် လူတွေ အာရုံ စိုက်လာကြတာ ဖြစ်ပါတယ်။

အဲဒီ ဉာဏ်ရည်မမီတဲ့ သားငယ်ကို သြစတြေးလျ ဇနီးမောင်နှံက ခေါ်မသွားဘဲ ချန်ထားခဲ့ပြီး သူ့ရဲ့ ကျန်းမာတဲ့ အမြွာညီမ ကိုတော့ ခေါ်သွားခဲ့တယ်လို့ အငှား ကိုယ်ဝန်ဆောင်တဲ့ ထိုင်း အမျိုးသမီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ