ခြိုးခြံရေး အဆုံးသတ်ဖို့ ဂရိ ဆုံးဖြတ်

  • 21 ဖေဖော်ဝါရီ 2015
greece ဓာတ်ပုံ မူပိုင် Getty
Image caption ဂရိ လူထုက ခြိုးခြံရေး အစီအစဉ်ကို ကန့်ကွက်

နိုင်ငံတကာ ကြွေးမြီ သက်တမ်း တိုး ပေးရေး အတွက် ယူရိုဇုန် အုပ်စု နဲ့ သဘော တူညီ ချက် အရ ခြိုးခြံ ချွေတာရေး အစီအစဉ် အဆုံးသတ် ဖို့ ဂရိ အစိုးရက ဆုံးဖြတ် ခဲ့တယ် လို့ ဂရိ ဝန်ကြီးချုပ် Alexis Tsipras က ပြောကြား လိုက်ပါတယ်။

ရှေ့မှာ အခက်အခဲ တွေ အများကြီး ကျန်နေသေးပြီး ဂရိ က စစ်ပွဲ တခုလုံးကို အနိုင်ရသေးတာ မဟုတ်ဘူးလို့ မစ္စတာ Tsipras က ရုပ်သံ က ပြောကြား ခဲ့ပါတယ်။

ယူရို ဇုန် အုပ်စု နဲ့ ထိပ်တိုက် ရင်ဆိုင် ရာမှာ ဂရိ ဘက်က အလျှော့ပေး ခဲ့ပြီးနောက် ဂရိ လူထု ကို အစိုးရက ပြန်စေ့စပ် နေတာ ဖြစ်တယ်လို့ ဘီဘီစီ ဂရိ သတင်းထောက် က ပြောကြား ပါတယ်။

ပြုပြင်ရေး အစီအစဉ်တွေကို တနင်္လာ နေ့မှာ မြီရှင် တွေကို တင်ပြ နိုင်ဖို့ ဂရိ အစိုးရ ဒီကနေ့ အစည်းအဝေး လုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ