ယူကရိန်း သမ္မတဟောင်း အတွက် မော်စကို ဆန္ဒပြ

Viktor Yanukovych ဓာတ်ပုံ မူပိုင် AFP GETTY
Image caption ရုရှ ဘက်သား ယူကရိန်း သမ္မတကို မနှစ်က ဖြုတ်ချ

ရုရှ လိုလားတဲ့ ယူကရိန်း သမ္မတ ဟောင်း Viktor Yanukovych ဖြုတ်ချ ခံရတဲ့ နှစ်ပတ်လည် ဆန္ဒပြပွဲ ကို မော်စကိုမှာ ကျင်းပ ရာ မှာ လူ ထောင်သောင်း ချီ တက်ရောက် ခဲ့ပါတယ်။

လူ အများ အပြား ရုရှ အလံတွေ ၊ သမ္မတ ပူတင် ပုံတွေ ကိုင်ပြီး မေ့မှာ မဟုတ်ဘူး ဆိုတဲ့ ကြွေးကြော်သံ စာတန်း တွေ နဲ့ ချီတက် လာတာ ကို ရုရှ ရုပ်သံက ပြနေပါတယ်။

ဒီ ဖြုတ်ချ ခံရမှုကို အာဏာ သိမ်းပွဲ အဖြစ် ရုရှ ဘက်က ယူဆ ထားတာ ဖြစ်ပြီး ဒီဆန္ဒပြပွဲကို ရုရှ အစိုးရ သတင်း တွေက အကြီးအကျယ် ဖော်ပြ ပေးကြပါတယ်။

ဒီ အုံကြွမှု နောက်ပိုင်း ရုရှက ယူကရိန်း ပိုင်တဲ့ ကရိုင်းမီးယား ကျွန်းဆွယ် ကို ဝင်သိမ်း ခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်း က သူပုန်တွေကို ရုရှ က ထောက်ပံ့ ကူညီနေတယ် လို့လည်း စွပ်စွဲ ခံနေရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ