လက်နက်​ကြီး​တွေ ရုတ်​ဖို့ သူပုန်​တွေ သဘောတူ

  • 21 ဖေဖော်ဝါရီ 2015
ukraine_forces ဓာတ်ပုံ မူပိုင် Reuters
Image caption လက်နက်ကြီး တွေ ရုတ်သိမ်းဖို့ အမိန့် လုဟန့်စ်ခ် နဲ့ ဒွန်ညက်စ် မြို့ တွေ မှာ ရှိတဲ့ ခွဲထွက်ရေး ခေါင်းဆောင် လက်မှတ်ထိုး။

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း တိုက်ပွဲ စစ်မျက်နှာ တွေ ကနေ လက်နက်ကြီး တွေ စတင် ရုတ်သိမ်း ဖို့ သူပုန် တွေ ဘက်က နေ သဘော တူလိုက်ပြီ ဆိုပြီး အပစ်ရပ် သဘောတူမှု ကို လက်တွေ့ ဖော်ဆောင် ရေး မှာ ပါဝင် ဆောင်ရွက် နေတဲ့ ရုရှား စစ်ဗိုလ်ချုပ် တစ်ဦး က ပြောပါတယ်။

လုဟန့်စ်ခ် နဲ့ ဒွန်ညက်စ် မြို့ တွေ မှာ ရှိတဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး ခေါင်းဆောင် တွေဟာ သူတို့ တပ်တွေ လက်နက်ကြီး တွေ ရုတ်သိမ်းဖို့ အမိန့် လက်မှတ် ရေးထိုးလိုက် ပြီ လို့ ရုရှ ဗိုလ်ချုပ် Alexander Lentsov က ပြောပါတယ်။

ဒီလို လက်နက်ကြီး ရုတ်သိမ်းရေး ဟာ Minsk မြို့ ငြိမ်းချမ်းရေး သဘောတူမှု ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ ကတည်းက လက်နက်ကြီး တွေ စတင် ရုတ်သိမ်း ရဖို့ ဖြစ်ပေမယ့် တချို့ ဒေသတွေ မှာ ယူကရိန်း စစ်တပ် နဲ့ သူပုန်တွေ အကြား ဆက်လက် တိုက်ခိုက် နေကြတဲ့ အတွက် နှောင့်နှေး ခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်း တုန်း ကလည်း အစိုးရ စစ်တပ် နဲ့ သူပုန်တွေ အကြား အကျဉ်းသား လဲလှယ် မှုတွေ စတင် လုပ်ဆောင် ခဲ့တာ မှာ ယူကရိန်း စစ်သား ၁၃၉ ဦး နဲ့ သူပုန် တပ်ဖွဲ့ဝင် ၅၂ ဦး လဲလှယ် ခဲ့တယ် လို့ ၂ ဘက် စလုံး က အတည်ပြု ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ