ယူကရိန်း ပေါက်ကွဲမှု လူ ၂ ဦး သေဆုံး

  • 22 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption စနေနေ့ ည ကတော့ ၂ ဘက် အကျဉ်းသားတွေ လဲလှယ် ခဲ့ကြ ပါတယ်

ယူကရိန်း အရှေ့ဘက် ပိုင်း ကာကိမြို့ ချီတက်ပွဲ တခု အတွင်း ပေါက်ကွဲမှု တခု ဖြစ်ပွား ခဲ့လို့ လူ ၂ ဦး သေဆုံး သွား တယ်လို့ အဲဒီ မြို့က အရာရှိ တွေက ပြောပါတယ်။

အမျိုး အမည် မသိ ဖေါက်ခွဲ ပစ္စည်း တခု ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

လူထု အုံကြွမှု နှစ်ပတ်လည် အဖြစ် လူထု ချီတက် ပွဲမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး၊ ရဲအရာရှိ တဦး အပါ အဝင် လူ ၂ ဦး သေဆုံးသွား ကာ တခြား လူ ၁၀ ဒဏ်ရာ ရရှိ သွားကြ ပါတယ်။

ဒီ ကာကိမြို့ဟာ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဇုန်နယ်မြေ အပြင်ဘက်မှာ ရှိတာ ဖြစ်ပြီး၊ အခုတော့ သံသယ ရှိသူတွေကို ရဲက ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

အခု ချီတက်ပွဲဟာ ရုရှား လိုလား တဲ့ သမ္မတ ဗစ်တာ ယန်နူကိုဗစ်ချ် ကို ဖြုတ်ချ ခဲ့တဲ့ အထိ ဖြစ်စေ ခဲ့တဲ့ လူထု အုံကြွမှု ပထမ နှစ်ပတ်လည် နေ့ အခမ်း အနား ဖြစ်ပါတယ်။

အခုလို အလားတူ ချီတက် အခမ်း အနား တွေကို မြို့တော် ကိယက် အပါ အဝင် တခြား ယူကရိန်း မြို့ကြီး အတော် များများ မှာလည်း ပြုလုပ် ခဲ့ကြ ပါတယ်။

ယူကရိန်း အရှေ့ဘက်ပိုင်း ပဋိပက္ခ ဖြစ်နေတဲ့ စစ်ပွဲဇုန် နေရာတွေ ကနေတော့ လက်နက်ကြီး တွေကို ပြန်ရုပ် သိမ်းတဲ့ လုပ်ငန်း စဉ်တွေ စတင် တော့မှာ ဖြစ်တယ် လို့ ယူကရိန်း အစိုးရက ပြောကြား ပါတယ်။

နိုင်ငံ တကာက ကြားဝင် ဆောင်ရွက် ခဲ့တဲ့ ယူကရိန်း အစိုးရနဲ့ ရုရှား လိုလားတဲ့ သူပုန်တွေ အကြား အပစ် ရပ်ရေး သဘောတူညီမှု တစိတ် တပိုင်း အနေနဲ့ အခုလို ဆောင်ရွက် မှာ ဖြစ်ပါတယ်။

သူပုန်တွေ ဘက်ကလည်း သူတို့ဟာ လာမယ့် အင်္ဂါနေ့မှာ လက်နက်တွေ ပြန်ရုပ်ဖို့ ပြင်ဆင် နေတယ်လို့ ပြောပါတယ်။ စနေနေ့ ည ကတော့ ၂ ဘက် အကျဉ်းသားတွေ လဲလှယ် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ