ဗီတို အာဏာ စွန့်လွှတ်ဖို့ ကုလကို AI တောင်းဆို

  • 25 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ၂၀၁၄ ဟာ ဘေးဆိုး ကြုံရတဲ့နှစ် ဖြစ်တယ်လို့ ဆို

လူတွေ အစုလိုက် အပြုံလိုက် အကြမ်းဖက်ခံရတဲ့ အခြေအနေ မျိုးတွေမှာ ကုသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံက ဗီတို အာဏာ သုံးပြီး ဆုံးဖြတ်တာကို စွန့်လွှတ်ဖို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက် ပါတယ်။

အဲဒီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ တွေဟာ လူ့အခွင့် အရေးထက် နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ မကြာခဏ ဆိုသလို ဦးစားပေးလေ့ ရှိတယ် လို့လည်း AI အဖွဲ့က ပြောပါတယ်။

AI အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ၂၀၁၄ ခုနှစ်ဟာ ဘေးဆိုးကြီး ကြုံရတဲ့နှစ် ဖြစ်ပြီး လူတွေ သန်းနဲ့ချီ အကြမ်းဖက် ခံခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခ တွေရဲ့ သဘော သဘောဝ ပြောင်းလဲ လာတာကို ကမ္ဘာ့ ခေါင်းဆောင်တွေ အရေးတကြီး ရင်ဆိုင် ဖြေရှင်းဖို့ လိုတယ် လို့လည်း AI အဖွဲ့က ပြောပါတယ်။

IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့လို ရက်စက် ကြမ်းကြုတ်တဲ့ အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်မှာ နေရတဲ့ လူတွေ ပိုများလာတဲ့ အတွက် ဒီနှစ်မှာလည်း အလားအလာက အားရစရာ မရှိဘူးလို့ AI အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ