ပဲရစ် တိုက်ခိုက်မှုကို ဗြိတိသျှ မွတ်ဆလင် အများစု ဆန့်ကျင်

  • 25 ဖေဖော်ဝါရီ 2015
Image caption ဇန်နဝါရီ ၂၆ ကနေ ဖေဖော်ဝါရီ ၂၀ အတွင်း ဗြိတိန် နိုင်ငံသား မွတ်ဆလင် ၁၀၀၀ ကို စစ်တမ်း ကောက်ခဲ့

တမန်တော် မိုဟာမက် ကာတွန်းပုံတွေ ဖော်ပြခဲ့တဲ့ ရှာလီ အက်ဘ်ဒိုး မဂ္ဂဇင်းကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှု လုပ်ရပ်ကို ဗြိတိန် နိုင်ငံသား မွတ်ဆလင် အများစုက ဆန့်ကျင်တယ်လို့ ဘီဘီစီက ပြုလုပ်တဲ့ စစ်တမ်းအရ သိရပါတယ်။

ဗြိတိန် နိုင်ငံသား မွတ်ဆလင် ၁၀၀၀ ကို ကောက်ယူတဲ့ အဲဒီ စစ်တမ်း အရ အနောက် နိုင်ငံတွေရဲ့ အကျိုးစီးပွား တွေကို တိုက်ခိုက် ဖျက်ဆီး လိုသူတွေ အပေါ်မှာလည်း အများစုက သက်ညှာစိတ် မရှိဘူးလို့ ညွှန်ပြ ပါတယ်။

ဒါပေမယ့် အဲဒီ မွတ်ဆလင် ၁၀၀၀ ထဲက ၂၇ ရာခိုင်နှုန်း ကတော့ ပဲရစ်မြို့ တိုက်ခိုက်မှုရဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး စာနာမှု တချို့ ရှိနေတာကို တွေ့ရပါတယ်။

တမန်တော် မိုဟာမက် ကာတွန်းပုံတွေ ပုံနှိပ် ဖော်ပြခဲ့တဲ့ လုပ်ရပ်ကိုတော့ လွန်လွန်ကျူးကျူး စော်ကားမှု အဖြစ် ၈၀ ရာခိုင်နှုန်းက ရှုမြင် ကြပါတယ်။ ဒါပေမယ့် အဲဒီလို ပုံနှိပ် ဖော်ပြသူတွေ အပေါ် ပြန်လည် အကြမ်းဖက် တိုက်ခိုက်တဲ့ လုပ်ရပ်ကိုတော့ လက်သင့် ခံနိုင်ဖွယ် မရှိဘူးလို့ ၆၈ ရာခိုင်နှုန်းက သဘောတူ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ