ပဲရစ် မြို့ပေါ် ဒရုန်းတွေ ပျံဝဲမှု မဖော်ထုတ်နိုင်သေး

  • 25 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်းသူမဲ့ ဒရုန်းတွေကို ပဲရစ် မြို့က အထင်ကရ နေရာတွေမှာ ၂ ညဆက် တွေ့မြင်ခဲ့ရ

ပြင်သစ် နိုင်ငံ၊ ပဲရစ် မြို့လယ်က အထင်ကရ နေရာတွေ အပေါ်မှာ မောင်းသူမဲ့ ဒရုန်း ယာဉ်ငယ်တွေ ဒုတိယမြောက် ညအဖြစ် ပျံဝဲ နေတာကို တွေ့ခဲ့ရပြီး ဘယ်သူတွေ ထိန်းချုပ် မောင်းနှင်တယ် ဆိုတာကို မသိရသေးဘူးလို့ ရဲတွေက ဆိုပါတယ်။

အင်္ဂါနေ့ ညက နေရာ ၅ နေရာမှာ ဒရုန်း လေယာဉ် ၃ စီး အထိ တွေ့မြင် ခဲ့ကြရတယ်လို့ ပြင်သစ် သတင်း မီဒီယာက ဖော်ပြပါတယ်။

တနင်္လာနေ့ ညကလည်း အီဖယ် မျှော်စင်နဲ့ အမေရိကန် သံရုံး အပါအဝင် ပဲရစ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ဒရုန်း ယာဉ်ငယ် ၅ စီး ပျံဝဲ နေတာကို တွေ့ခဲ့ရပါတယ်။

ပဲရစ် မြို့ပေါ်မှာ ဒရုန်း လေယာဉ် မောင်းနှင်မှုကို ညပိုင်းမှာ တားမြစ် ထားပြီး နေ့လယ်ပိုင်း မှာလည်း အာဏာပိုင် တွေရဲ့ ခွင့်ပြုချက်နဲ့သာ မောင်းနှင် နိုင်တာ ဖြစ်ပါတယ်။

အဲဒီ ဒရုန်းယာဉ်တွေကို ဘယ်သူတွေက ထိန်းချုပ် မောင်းနှင်တယ် ဆိုတာ သိရဖို့ စုံစမ်းရေး အဖွဲ့ ၁၀ ဖွဲ့က စစ်ဆေး နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လက ပဲရစ် မြို့တော်မှာ အစ္စလမ္မစ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှာ လုံခြုံရေး သတိ ပိုမို တိုးမြှင့် နှိုးဆော်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ