ဆီး​ရီး​ယား အရှေ့မြောက်​ပိုင်း​မှာ IS တွေ​နဲ့ ကာ့ဒ် တွေ တို​က်ပွဲဖြစ်

  • 25 ဖေဖော်ဝါရီ 2015
syria_fighting ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ခရစ်ယာန် ၂၈၀ ကျော် ဖမ်းခေါ် သွားခံရတယ်လို့ ထွက်ဆိုသူတွေ ရှိ။

ဆီးရီးနိုင်ငံ မှာ ခရစ်ယာန် ရွာသား အမြောက်အများ ကို အစ္စလာမ်မစ် စစ်သွေးကြွ IS တွေ က ဖမ်းခေါ် သွားခဲ့တဲ့ အရှေ့မြောက်ပိုင်း ဒေသ မှာ တိုက်ပွဲ တွေ တနေကုန် ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ က ခရစ်ယာန် တွေ ဘယ်နှစ်ယောက် ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရ သလဲ လို့ အတိတကျ မသိရ ပေမယ့် အဲဒီ့ အသိုင်းအဝိုင်းထဲ က ရင်းမြစ် တခု ကတော့ လူပေါင်း ၂၈၀ ကျော်တယ် လို့ ဆိုပါ တယ်။

ဒေသခံ ကာ့ဒ်တပ်ဖွဲ့တွေ နဲ့ သူတို့ရဲ့ မဟာမိတ် ခရစ်ယာန် တပ်ပေါင်းစုတွေ ဟာ IS လက်နက်ကိုင် တွေ နဲ့ ဆက်လက် တိုက်ခိုက် နေကြပြီး နယ်မြေ တချို့ သိမ်းနိုင်ခဲ့တယ် လို့ ကာ့ဒ် အဖွဲ့ က ပြောပါတယ်။

IS တွေ တိုက်ခိုက် လာမယ့် အန္တရာယ် ကြုံနေ ကြရတဲ့ ရွာတွေ ကနေ လူ အများအပြား ထွက်ပြေး သွားကြ ပြီ ဖြစ်ပါတယ်။

တခါ၊ ဂျော်ဒန် နိုင်ငံမြို့တော် အာမန် မှာ ရှိတဲ့ ကုန်တိုက်တွေ ကို အကြမ်းဖက် တိုက်ခိုက် လာနိုင်တဲ့ ယုံကြည်လောက် ဖွယ် သတင်း တွေ ရထားတယ် ဆိုပြီး အဲဒီ့မှာ ရှိတဲ့ အမေရိကန် သံရုံးက ပြောပါတယ်။

ဘယ်လို ပုံစံမျိုး တိုက်မယ် ၊ ဘယ် အချိန်မှာ တိုက်မယ် ဆိုတာတွေ တော့ မသိရဘူး လို့ သံရုံး က ဆိုပါတယ်။

သံရုံး ဝန်ထမ်းတွေ နဲ့ အမေရိကန် နိုင်ငံသား တွေ ကို ကုန်တိုက်တွေ ကို မသွားဖို့ အကြံပြု ထားတယ် လို့လည်း အာမန်မြို့ အမေရိကန် သံရုံးက ပြောပါတယ်။

အခုလို အမေရိကန် သံရုံး ရဲ့ သတိပေးမှု အပေါ် ဂျော်ဒန် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် Mohammed al-Momani က တိုက်ရိုက် မှတ်ချက် မပြု ခဲ့ပေမယ့်၊ လုံခြုံရေး ဆိုင်ရာ လုပ်ဆောင်မှု တွေ ဆက်လက် ဆောင်ရွက် နေတယ် ဆိုပြီး ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ