အာဖဂန် နှင်းထုပြိုကျမှု လူ ၂၀၀ ခန့် သေဆုံး

  • 26 ဖေဖော်ဝါရီ 2015
ဓာတ်ပုံ မူပိုင် epa
Image caption နှင်းထုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးနေ

အာဖဂန် နစ္စတန် နိုင်ငံ၊ ကဘူးလ်မြို့ မြောက်ပိုင်းမှာ တောင်ပေါ်ကနေ နှင်းထုတွေ နေအိမ်တွေပေါ် ပြိုကျမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံးပြီး ၁၃၀ လောက် ဒဏ်ရာ ရသွားတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

နှင်းထုတွေ အောက်မှာလည်း လူတွေ ဒါဇင်နဲ့ချီ ပိတ်မိနေပြီး သူတို့ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့က ရှာဖွေ နေဆဲ ဖြစ်ပေမယ့် နှင်းတွေကြောင့် အဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပန်ဂျ်ရှား ပြည်နယ်က အများစု ဖြစ်တဲ့ သေဆုံးသူတွေကို သင်္ဂြိုဟ်ဖို့လည်း နှင်းထုကြောင့် နှောင့်နှေး နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန်မှာ သိပ်မအေးတဲ့ သာမန် ဆောင်းရာသီကို ကြုံခဲ့ရပြီးနောက် ခုလို ရုတ်တရက် ရာသီဥတု ပြင်းထန်ပြီး နှင်းတွေ အကြီးအကျယ် ကျခဲ့တာကြောင့် ဒေသခံတွေကို အံ့အား သင့်စေခဲ့ ပါတယ်။

နှင်းထု ပြိုကျမှုတွေ အာဖဂန်မှာ အရင်က ဖြစ်လေ့ ရှိခဲ့ပေမယ့် အခု တစ်ကြိမ်က လူအသေအပျောက် အများဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ