လုံခြုံ​ရေး​ကောင်​စီ အရေးပေါ် ခေါ်​ဖို့ ယူ​နက်စ်​စ​ကို တောင်း​ဆို

  • 26 ဖေဖော်ဝါရီ 2015
is_demolishes_statues_
Image caption မိုဆိုးလ် မြို့ ပြတိုက် အဖျက်စီး ခံရတာ ဟာ ကမ္ဘာ့ ယဉ်ကျေးမှု အမွအနှစ်တွေ အတွက် ကြေကွဲဖွယ်ရာ ဖြစ်တယ်လို့ UNESCO ရဲ့ အကြီးအကဲ Irina Bokova က ပြောပါတယ်။

အီရတ် နိုင်ငံ မိုဆိုးလ် မြို့ ပြတိုက်ထဲ က အနုပညာ နဲ့ ယဉ်ကျေးမှု ဆိုင်ရာ ရှေးဟောင်း လက်ရာတွေ လို့ ယူဆ ရတာ တွေ ကို အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ ဖျက်စီး နေတဲ့ ဗီဒီယို ထွက်လာ ခဲ့တဲ့ အတွက် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ အရေး ပေါ် အစည်း အဝေး ခေါ်ယူဖို့ UNESCO အဖွဲ့ က တောင်းဆို လိုက်ပါတယ်။

မိုဆိုးလ် မြို့ ပြတိုက် အဖျက်စီး ခံရတာ ဟာ ကမ္ဘာ့ ယဉ်ကျေးမှု အမွအနှစ်တွေ အတွက် ကြေကွဲဖွယ်ရာ ဖြစ်တယ်လို့ UNESCO ရဲ့ အကြီးအကဲ Irina Bokova က ပြောပါတယ်။

ဒီ လုပ်ရပ် ဟာ လူအသိုင်းအဝိုင်း အတွင်း ဂိုဏ်းဂန ခွဲခြားမှုနဲ့ ပဋိပက္ခတွေ ကို လှုံဆော်ရာ ကျတဲ့ အတွက် လုံခြုံရေး ဆိုင်ရာ အရ လည်း အန္တရာယ် ကြီးတယ် ဆိုပြီး Irina Bokova က ဆိုပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ IS တွေဟာ၊ ရုပ်တုတွေ ကို ဖြိုလှဲ ပစ်နေကြပြီး တူတွေ လွန်သွားတွေ နဲ့ လည်း ဖျက်စီး ပစ်နေတာ ကို တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ